ရန်ကုန်အများပိုင်ယာဉ်လိုင်း စီးနင်းသူများ အဆင်မပြေပါက အစိုးရထံ အကြံပြုနိုင်

ရန်ကုန်အများပိုင်ယာဉ်လိုင်း စီးနင်းသူများ အဆင်မပြေပါက အစိုးရထံ အကြံပြုနိုင်
ဓာတ်ပုံ-နေသူရိန်လင်း

ဇန်နဝါရီလ ၁၆ ။             ။ ရန်ကုန်မြို့ တွင် ဇန်နဝါရီလ ၁၆ ရက်နေ့မှစ၍ အများပိုင်ယာဉ်လိုင်းစီးနင်းသူများ အဆင်ပြေမှုမရှိပါက volunteer များနှင့် လွတ်တော်ကိုယ်စားလှယ်များမှတဆင့် အကြံပြုနိုင်သည်ဟု ပုဇွန်တောင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

ပြည်သူများအနေဖြင့် အများပိုင်ယာဉ်လိုင်းစနစ် စတင်စီးနင်းချိန်တွင် အခက်အခဲကြုံတွေ့မှုများကို အစိုးရအဖွဲ့သိရှိနိုင်ရန် ဖေ့စ်ဘုတ်ကတဆင့်လည်း အကြံပြုနိုင်ကြောင်း သိရသည်။

“ အစိုးရထံကို ပွင့်ပွင့်လင်းလင်းအကြုံပြုပါတောင်းဆိုပါ။ ဒါမှသာ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်နိုင်မှာပါ ။နောက်ပြီး ကားလိုင်းတွေက ဒီနေ့မှ စတင်မှာဆိုတော့ အခက်အခဲတွေတော့ရှိမှာပဲလေ။ နောက်ပိုင်းကြရင်တော့ အားလုံးအဆင်ပြေသွားမှာပါ” ဟု ဦးတင့်လွင်က ပြောသည်။

ယနေ့နံနက် စတင်ပြေးဆွဲချိန်တွင် ကားမှတ်တိုင်တွင် လူများ စုပြုံနေခဲ့ပြီး အခက်အခဲတစ်ချို့ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ် စတင်ချိန်တွင် မနက် ၅ နာရီမှ ည ၉နာရီအထိ ယာဉ်လိုင်းပေါင်း ၇၀ မှ  ပြေးဆွဲသွားမည်ဖြစ်ပြီး သန်လျင်အခြေပြုယာဉ်လိုင်းများနှင့် မြို့ပြင် ဆက်စပ်ယာဉ်လိုင်းများမှ အပ ကျန်ယာဉ်လိုင်းများအားလုံးအတွက် ယာဉ်စီးခ ၂၀၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly