ကုုလသမဂ္ဂအထူးကုုိယ်စားလှယ်ကုုိ ရှမ်းပြည်နယ်သို့ လာရောက်လေ့လာရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တုုိက်တွန်း

ကုုလသမဂ္ဂအထူးကုုိယ်စားလှယ်ကုုိ ရှမ်းပြည်နယ်သို့ လာရောက်လေ့လာရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တုုိက်တွန်း
ဓာတ်ပုံ-EPA

ချင်းမိုင်၊ ဇန်နဝါရီလ ၁၆  ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပန်မတ်မီးကျေးရွာတွင် တိုက်ပွဲများကြောင့် ရွာသား ၃ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇန်နဝါရီလ ၁၆ ရက်က ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီအား ရှမ်းပြည်နယ်အတွင်း လာရောက်လေ့လာရန် တိုက်တွန်းတောင်းဆိုခြင်း ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ နန်းလွန့်လှိုင်က ပြောသည်။

“မစ္စ ယန်ဟီးလီက မြန်မာနိုင်ငံမှာ ရောက်ရှိနေတယ်။ သူ့ခရီးစဉ်က ရှမ်းပြည်နယ်မှာ မပါဘူး။ အဲဒါကြောင့် သူ့ကို ပိုပြီးမှ ရှမ်းပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဦးတည်စေချင်တယ်။ သွားရောက်ပြီးမှ သိစေချင်တယ်။ နေအိမ်တွေပါ ထိခိုက်ပျက်စီးကုန်တယ်။ ဖြစ်ပျက်နေတဲ့ကိစ္စကို ထပ်မဖြစ်ပွားစေအောင် တိုက်တွန်းချင်တယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့  တိုက်ခိုက်နေခြင်းသည် ဒီမိုကရေစီစနစ်ဖြင့် သွားနေခြင်း မဟုတ်ဘဲ ငြိမ်းချမ်းသော နည်းဖြင့် ဆွေးနွေးအဖြေရှာသွားရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုသည်ဟု ပြောသည်။

“ရှမ်းလူ့အခွင့်အရေမဏ္ဍိုင်က ဖြစ်နိုင်ရင် စားပွဲပေါ်မှာ ထိုင်ပြီးတော့ ဆွေးနွေးစေချင်တယ်။ ငြိမ်းချမ်းရေး ဒီမိုကရေစီဆောင်ရွက်စေချင်တယ်”ဟု နန်းလွန့်လှိုင်က ဆက်လက်ပြောဆိုသည်။

ထိုနေ့က ပန်မတ်မီးကျေးရွာနှင့် တစ်မိုင်အကွာရှိ ဝမ်ယောင် ပန်လရွာ အခြေစိုက် တပ်မတော်၏ တပ်ရင်း ခလရ ၅၀၆ တပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တစ်နေကုန် ပစ်ခတ်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပန်မတ်မီးကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀ ကျော် နေထိုင်နေပြီး ဒေသခံ ၂၀၀ ကျော်သည် ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ဇန်နဝါရီလ ပထမပတ်တွင် မိမိတို့ နေရပ်သို့ ပြန်လာခဲ့ရသည်ဟု ဆိုသည်။

ကုသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ၅ ကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၈ ရက်က ရောက်ရှိလာ၍ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်များသို့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly