ကာဂျစ်စတန်တွင် လေယာဉ်မှူးအမှားကြောင့် ကုန်တင်လေယာဉ် လူနေရပ်ကွက်အတွင်း ပျက်ကျ၍ ၃၇ ဦး သေဆုံး

ကာဂျစ်စတန်တွင် လေယာဉ်မှူးအမှားကြောင့် ကုန်တင်လေယာဉ် လူနေရပ်ကွက်အတွင်း ပျက်ကျ၍ ၃၇ ဦး သေဆုံး

မန်နက်စ်၊ ဇန်နဝါရီ ၁၆ ။            ။ ကာဂျစ်စတန်နိုင်ငံက အဓိကလေဆိပ်တစ်ခုတွင် ကုန်တင်လေယာဉ်တစ်စင်း ဇန်နဝါရီ ၁၆ ရက်က မြူခိုးဖုံးလွှမ်းမှုကြားမှ ဆင်းသက်ရာတွင် အနီးရှိ ကျေးရွာတစ်ရွာအတွင်း ပျက်ကျခဲ့ရခြင်းသည် လေယာဉ်မှူးဖြစ်သူ၏ အမှားကြောင့်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

လေယာဉ်က ဒါချာဆူး ကျေးရွာအတွင်း ပျက်ကျခြင်းဖြစ်ကာ လေယာဉ်အမြီးပိုင်းတွင် မီးခိုးများ လိမ့်တက်နေသည့်ကြားက အပျက်အစီးများကြား ကယ်ဆယ်ရှာဖွေရေးကို လုပ်ဆောင်ရသည်။   လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူအများစုက ရွာသူရွာသားများဖြစ်သည်။

“ကနဦး စုံစမ်းချက်အရတော့ လေယာဉ်မှူးဖြစ်သူအမှားကြောင့် လေယာဉ်ပျက်ကျတာလို့ သိရတယ်။”ဟု ဝန်ကြီးချုပ် မိုဟာတ်ကာလီက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောသည်။

လေယာဉ်ပေါ်က လေယာဉ်မှူး လေးဦးအပါအဝင် သေဆုံးသူဦးရေမှာ အနည်းဆုံး ၃၇ဦးရှိပြီး ထပ်တိုးလာနိုင်ဖွယ်လည်း ရှိကြောင်း နိုင်ငံ၏ အရေးပေါ်အခြေအနေဝန်ဆောင်မှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမတ်စာဗာရော့ဗ်က ပြောသည်။

အဆိုပါ လေယာဉ်သည့် မြူခိုးထူပိတ်ဖုံးသည့်ကြား ကာဂျစ်စတန်၏ မြို့တော် ဘိုင်ရှာကက်ရှိ မန်နက်စ်လေဆိပ်သို့ ဆင်းတက်ချိန်တွင် ယခုကဲ့သို့ ကျေးရွာအတွင်း ပျက်ကျခြင်းဖြစ်သည်။

ကျေးရွာသူရွာသားများ အိပ်ပျော်လျက်ရှိနေစဉ် ဒေသစံတော်ချိန် နံနက် ခုနစ်နာရီခွဲခန့်က ပျက်ကျခြင်းဖြစ်ကာ ကားများ၊ အိမ်များကို ဝင်တိုက်ကာ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly