သြစတြေးလျနိုင်ငံတွင် ရေကန်ထဲသို့ ကားမောင်းချကာ မိမိ၏ကလေးများအား သတ်ခဲ့မိကြောင်း မိခင်ဖြစ်သူဝန်ခံ

သြစတြေးလျနိုင်ငံတွင် ရေကန်ထဲသို့ ကားမောင်းချကာ မိမိ၏ကလေးများအား သတ်ခဲ့မိကြောင်း မိခင်ဖြစ်သူဝန်ခံ

ဇန်နဝါရီ ၁၆ ။              ။ သြစတြေးလျနိုင်ငံမှ မိခင်တစ်ဦးက မိမိ၏ကလေးများအား ရေအိုင်ထဲသို့ ကားမောင်းချကာ သတ်ခဲ့မိသည့်အတွက် သူမအတွင် အပြစ်ရှိကြောင်း လျှောက်လဲခဲ့သည်။

 အသက်၃၇နှစ် အရွယ်ရှိပြီဖြစ်သည့် Akon Guode ဟာ ၁နှစ်သားအရွယ် ဘိုးလ်နှင့် လေးနှစ်သားအရွယ်အမြွှာ ကလေးများဖြစ်သည့် ဟန်ဂါနှင့် မာဒစ်တို့အား မဲဘုန်းလ်မြို့၏ အနောက်တောင် ဘက်တွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ်တုန်းက ရေကန်ထဲသို့ ကားမောင်းချသွားခဲ့ကာ သတ်ခဲ့မိသည်။ ထိုကားထဲတွင်ပါသွားခဲ့သည့် ၆နှစ်အရွယ် ကလေးဖြစ်သော Alual ကတော့ ထိုဖြစ်ရပ်၌ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ယနေ့ တနင်္လာနေ့၌ ဗစ်တိုးရီးယန်တရားရုံးချုပ်တွင် သူမဟာ မွေးကင်းစကလေးငယ်အား သတ်ဖြတ်မှု၊ လူသတ်မှုနှစ်မှု နှင့် လူသတ်ရန် ကြိုးပမ်းမှုတစ်ခု စသည့် စွပ်စွဲချက်များတွင် သူမအပြစ်ရှိကြောင်း Guode က လျှောက်လဲခဲ့သည်။

သူမဟာ လွန်ခဲ့သော ၂၀၀၈ ခုနှစ်တုန်းက တောင်ဆူဒန်မှ သြစတြေးလျနိုင်ငံသို့ရောက်ရှိလာခဲ့တာဖြစ်ပြီး ထိုလျှောက်လဲချက်များအား စကားပြန်နှင့်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလေးသုံးယောက်၏ဖခင်ဖြစ်သူ ဂျိုးဆပ်မန်းယန်းက မနှစ်ကပြုလုပ်ခဲ့သောခဲ့သောကြားနာမှု၌ Guode က သူမဟာ ထိုဖြစ်ရပ်မဖြစ်ခင်တွင်  ခေါင်းမူးနေခဲ့သည်ဟု  လျှောက်လဲခဲ့ကြောင်း   ပြောကြားခဲ့သည်။

ဒါ့အပြင် သူက Guode ဟာ ကလေးများကို ချစ်သောမိခင်တစ်ဦးဖြစ်ပြီး သူမ၏ ကလေးများအား ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိဖြင့်အန္တရာယ်ပြုမှာ မဟုတ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း မျက်မြင်သက်သေများက ရဲများအား ပြောခဲ့သော ကြေညာချက်အရ Goude ဟာ ထိုဖြစ်ရပ်မတိုင်ခင် နေ့တုန်းက သူမ၏ ကလေးများအား သတ်ဖြတ်မည့်ဆိုသည့်အကြောင်းကို   ပြောခဲ့ဖူးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags