ဘီလျံနာ သူဌေးကြီး ရှစ်ဦး၏ စုစုပေါင်း ကြွယ်ဝမှုက ကမ္ဘာပေါ်က ဆင်းရဲနွမ်းပါးသူ ဦးရေ ၃ ဒသမ ၆ ဘီလီယံ၏ စုပေါင်း ပိုင်ဆိုင်မှုထက် ပိုများနေ

ဘီလျံနာ သူဌေးကြီး ရှစ်ဦး၏ စုစုပေါင်း ကြွယ်ဝမှုက ကမ္ဘာပေါ်က ဆင်းရဲနွမ်းပါးသူ ဦးရေ ၃ ဒသမ ၆ ဘီလီယံ၏ စုပေါင်း ပိုင်ဆိုင်မှုထက် ပိုများနေ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီး ရှစ်ဦး၏ စုစုပေါင်း ကြွယ်ဝမှုတန်ဖိုး ပမာဏမှာ ယခုအခါ ဆင်းရဲနွမ်းပါးသော ကမ္ဘာ့လူဦးရေ ၃ ဒသမ ၆ ဘီလီယံ၏  စုပေါင်းပိုင်ဆိုင်မှုထက်  ပိုမိုများပြား   နေခဲ့ပြီဖြစ်ကြောင်း Oxfam International က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြောကြားသွားသည်။

ထိပ်တန်းသူဌေးကြီးများဖြစ်ကြသည့်  Bill Gates ၊ Warren Buffet ၊ Carlos Slim ၊ Jeff Bezos ၊ Mark Zuckerberg ၊  Amancio Ortega ၊ Larry Ellison နဲ့ Michael Bloomberg တို့ ရှစ်ဦး၏  စုစုပေါင်း ကြွယ်ဝမှုတန်ဖိုးမှာ ဒေါ်လာ ၄၂၄ ဘီလီယံ (ပေါင် ၅၃၂ ဘီလီယံ) ထိ ရှိနေပြီဖြစ်ကြောင်းလည်း အဆိုပါ ဆင်းရနွမ်းပါးမှု တိုက်ဖျက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

" ဒီလိုမျိုး လက်ချိုးရေလို့ရတဲ့ လူတွေရဲ့လက်ထဲမှာ ဒီလောက်များပြားတဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေ ရှိနေတာကတော့ ဖြစ်တော့ မဖြစ်သင့်ပါဘူး " ဟု Oxfam Intenational ၏  အမှုဆောင်ဒါရိုက်တာ Winnie Byanyima က ပြောသည်။

ယခုကဲ့သို့ အဆိုပါ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအဖွဲ့သည် ယင်းအစီရင်ခံစာကို Davos တွင်  ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပမှုမတိုင်မီ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly