Brit Awards ဆုပေးပွဲတွင် ဆုနှစ်နေရာစာအတွက် စာရင်းသွင်းခံထားရသည့် ဒေးဗစ်ဘိုဝီ

Brit Awards ဆုပေးပွဲတွင် ဆုနှစ်နေရာစာအတွက် စာရင်းသွင်းခံထားရသည့် ဒေးဗစ်ဘိုဝီ

၂၀၁၆ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သော နာမည်ကျော်ပေါ့ပ်အဆိုတော် ဒေးဗစ်ဘိုဝီဟာ ၂၀၁၇ခုနှစ်မှာ ပေးအပ်မည့် Brit Awards ဆုပေးပွဲတွင် အကြီးဆုံးဆုကြီးများအတွက် အခြား အဆိုတော်များဖြစ်သည့် Skepta နှင့် Craig David တို့နှင့်အတူ စာရင်းသွင်းခံထားရပါသည်။

Brit Awards ဆုပေးပွဲဟာ နှစ်စဉ်ကျင်းပသည့် ပေါ့ပ်ဂီတဆုပေးပွဲဖြစ်ပြီး ထိုဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံး ပေါ့ပ်ဂီတဆုနှင့်အခြားဂီတဆုများကို ချီးမြှင့်လေ့ ရှိပါသည်။

ဒေးဗစ်ဘိုဝီဟာ အဆိုပါဆုပေးပွဲတွင် အကောင်းဆုံးဗြိတိန် အမျိုးသားအဆိုရှင်ဆုနှင့် အကောင်းဆုံးအယ်လ်ဘမ် ဆုတို့အတွက်ကို သူ့ရဲ့Blackstar အယ်လ်ဘမ်ဖြင့် စာရင်းသွင်းခံထားရပါသည်။

ဒါ့အပြင်အဆိုတော် Skepta ဟာလည်းဆုသုံးဆုအတွက်စာရင်းသွင်းခံထားရသလို မိန်းကလေးဂီတအဖွဲ့ဖြစ် သည့် Little Mix ကလည်း အကောင်းဆုံးဂီတအဖွဲ့ဆု၊ အကောင်းဆုံးသီချင်းဆုတို့ အတွက်ကို သူတို့ရဲ့ Shout Out To My Ex သီချင်းဖြင့် စာရင်းသွင်းခံထားရပါသည်။

တချိန်တည်းမှာပဲ ဘီယွန်းဆေးနှင့်သူမ၏ညီမငယ် ဆိုလန်ဂီတို့ဟာလည်း အကောင်းဆုံးနိုင်ငံတကာအမျိုးသမီး အဆိုရှင်ဆုအတွက်ကို မနှစ်ကထွက်ရှိခဲ့သော လူမျိုးရေးနှင့်နိုင်ငံရေးတို့အား ဇောင်းပေး သီဆိုထားသည့် သီချင်း အယ်လ်ဘမ်ဖြင့် စာရင်းသွင်းခံထားရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly