ဒေါ်နယ်ထရမ့်၏ ရာထူးအပ်နှင်းပွဲ၌ ဖျော်ဖြေမည့်အစီအစဉ်မှ နှုတ်ထွက်သွားသည့် အဆိုတော် ဂျနီဖာဟောလီးဒေး

ဒေါ်နယ်ထရမ့်၏ ရာထူးအပ်နှင်းပွဲ၌ ဖျော်ဖြေမည့်အစီအစဉ်မှ နှုတ်ထွက်သွားသည့် အဆိုတော် ဂျနီဖာဟောလီးဒေး

ဇန်နဝါရီ ၁၆ ။            ။ ဘရုတ်ဝေးစတားဖြစ်သည့် အဆိုတော် ဂျနီဖာဟောလီးဒေးဟာ ပြီးခဲ့သော စနေနေ့တုန်းက သူမဟာ အရွေးချယ် ခံသမ္မတသစ် ဒေါ်နယ်ထရမ့်၏ ရာထူးအပ်နှင်းပွဲတွင်   ဖျော်ဖြေမည့် အစီအစဉ်မှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး အကယ်၍ထိုပွဲတွင်ဖျော်ဖြေခဲ့ပါက သူမရဲ့လိင်တူချစ်သူပရိတ်သတ်များအပေါ်တွင် သစ္စာဖောက်ရာ   ရောက်မည်ဖြစ်ကြောင်း ကိုလည်း အွန်လိုင်းပေါ်၌ ပြောကြားခဲ့ပါသည်။

ဘရုတ်ဝေးပြဇာတ်ရုံကြီးရဲ့ဂီတနောက်ခံပြဇာတ်များဖြစ်သည့် Dreamgirls နှင့် Your Amrs Too Short to Box with God တို့ဖြင့်လူသိများခဲ့သလို Tony ဆုကို ဆွတ်ခူးခဲ့သော အဆိုတော်တစ်ယောက်ဖြစ်သည့် ဂျနီဖာဟောလီးဒေး၏ ဖျော်ဖြေမှုအား ဖျက်သိမ်းကြောင်း ကြေညာသည့် အတည်ပြုစာရွက်ကို ဖျော်ဖြေရေး သတင်းဝက်ဘ်ဆိုက် The Wrap မှ အင်တာနက်ပေါ်၌ တင်ခဲ့ပါသည်။

ထိုစာထဲ၌ “ကျမရဲ့သတိဟစ်လင်းခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ရိုးသားစွာ တောင်းပန်ပါတယ်။ သမိုင်းမှာ အလွန် အရေးပါတဲ့ အချိန်မျိုးမှာ ကျမရဲ့ပညာမဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် အခြားသူတွေအပေါ် ရိုက်ခတ်သလိုဖြစ်သွားခဲ့တဲ့ အတွက်၊ ပြီးတော့ ကျမရဲ့ပရိတ်သတ်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရပြီး ဝမ်းနည်းပူဆွေးစေမိခဲ့တဲ့အတွက် ကျမတောင်းပန်ပါတယ်” လို့ ဟောလီးဒေးက သူမ၏ကြေညာစာရွက်ထဲတွင် ရေးသားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly