မိသားစုမှ မကျေနပ်၍ မိုက်ကယ်ဂျက်ဆင်အကြောင်း ရုပ်သံအစီအစဉ်အား ပြသမှု ပယ်ဖျက်ခံရ

မိသားစုမှ မကျေနပ်၍ မိုက်ကယ်ဂျက်ဆင်အကြောင်း ရုပ်သံအစီအစဉ်အား ပြသမှု ပယ်ဖျက်ခံရ

ဇန်နဝါရီ ၁၆ ။          ။ မိုက်ကယ်ဂျက်ဆင်၏သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်က သူမ၏အဖေနေရာမှာ လူဖြူသရုပ်ဆောင်က သရုပ်ဆောင်ခြင်းမှာ သူမတို့ကို စော်ကားရာရောက်သည်ဟု ပြောဆိုခဲ့အပြီး၌ Sky ရုပ်သံကုမ္ပဏီမှ မိုက်ကယ်ဂျက်ဆင် အကြောင်း ရိုက်ကူးထားသည့် ရုပ်သံအစီအစဉ်ကို ပြသတော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။

Urban Myths အမည်ရှိဇာတ်လမ်းတွဲထဲတွင် ပါဝင်သော မိုက်ကယ်ဂျက်ဆင်အကြောင်း ဇာတ်လမ်းအပိုင်းလေး ကို Sky Arts ရုပ်သံလိုင်းမှ နဂိုတုန်းက ပြသဖို့စီစဉ်ထားခဲ့ပါသည်။

ပြီးခဲ့သော သောကြာနေ့တွင် Sky ရုပ်သံကုမ္ပဏီမှ သူတို့ဟာ ပဲရစ်ဂျက်ဆန်၏မကျေမနပ်ကန့်ကွက်မှုကြောင့် Urban Myths ဇာတ်လမ်းတွဲမှ ဇာတ်လမ်းအပိုင်းတစ်ခုကို  ပြသတော့မည် မဟုတ်ကြောင်း ကြေညာချက်ထုတ်ခဲ့ ပါသည်။

ဒါ့အပြင် အဆိုပါရုပ်သံထုတ်လွှင့်သူများက သူတို့ဟာဘယ်တုန်းကမှ စိတ်ဆိုးစရာကိစ္စတစ်ခုဖြစ်အောင် မရည်ရွယ်ခဲ့ဖူးပါဘူး ဟုလည်း ပြောခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly