စပါးကစားသမားများ တရုတ်စူပါလိဂ်သို့ မပြောင်းရွှေ့လိုကြောင်း ဟယ်ရီကိန်းပြောဆို

စပါးကစားသမားများ တရုတ်စူပါလိဂ်သို့ မပြောင်းရွှေ့လိုကြောင်း ဟယ်ရီကိန်းပြောဆို

ဇန်နဝါရီ ၁၆၊ အင်္ဂလန် ။            ။ ဆုတံဆိပ်တွေ ရယူလိုခြင်းကြောင့် စပါးကစားသမားတွေသည် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့လိုခြင်း မရှိကြောင်း စပါးအသင်း၏ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောဆိုလိုက်သည်။ စပါးကစားသမားများ အနေဖြင့် နည်းပြ ပိုချက်တီနိုလက်အောက်တွင် အောင်မြင်မှုများရယူလိုခြင်းကြောင့် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့လိုခြင်းမရှိကြောင်း ဟယ်ရီကိန်းက ယုံကြည်နေခြင်းဖြစ်သည်။

တရုတ်စူပါလိဂ်သို့ နာမည်ကြီးကစားသမားဖြစ်သည့် တီဗက်ဇ်၊ ဟော့ခ်၊ ဝစ်ဆယ်လ်၊ လာဗက်ဇီ၊ ရာမီရက်စ် ပြောင်းရွှေ့ခဲ့ကြပြီး ချယ်လ်ဆီးကစားသမားဖြစ်သည့် အော်စကာကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သည်။ ယခုချယ်လ်ဆီးကစားသမားဖြစ်သည့် ဒီယေဂိုကော်စတာကိုလည်း တရုတ်စူပါလိဂ်က ခေါ်ယူရန်ကြိုးပမ်းနေလျက်ရှိသည်။

“ကမ္ဘာ့အကောင်းဆုံးမန်နေဂျာတွေထဲက တစ်ယောက်ကို ကျွန်တော်တို့ရရှိထားတာကြောင့် ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ အလွန်တောက်ပနေပါတယ်။ တကယ်လို့ ပိုချက်တီနိုကို တရုတ်စူပါလိဂ်က ကမ်းလှမ်းလာရင်တောင်မှ သူဟာ အသင်းမှာပဲ ဆက်နေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်”ဟု ကိန်းက ပြောဆိုခဲ့သည်။

စပါးအသင်းသည် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းနှင့် မန်ချက်စတာအသင်းတို့၏ သရေရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်ရှိလာခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags