ဘရာဇီး အကျဉ်းထောင် ဆူပူအုံကြွမှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိခဲ့

ဘရာဇီး အကျဉ်းထောင် ဆူပူအုံကြွမှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိခဲ့

ဇန်နဝါရီ ၁၆ ။         ။ ဘရာဇီးနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အရက်စက်ဆုံးသော အကျဉ်းထောင်တွင်း သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ရကြောင်း၊ အများစုမှာ ခေါင်းဖြတ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၅ ရက်တွင် အတည်ပြုသွားသည်။

ဇန်နဝါရီ ၁၄ ရက်က Rio Grande do Norte ပြည်နယ် ရှိ အကျဉ်းသားများပြားသော Alcacuz ထောင်တွင် ယင်း ဆူပူအုံကြွမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ထောင်တွင်း လူဆိုးဂိုဏ်းအချင်းချင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီအစောပိုင်းကလည်း အလားတူ ထောင်တွင်း အကြမ်းဖက်ဆူပူမှု တစ်ခုကြောင်း ထောင်သား ၁၀၀ ခန့် သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ဖြစ်ထားခဲ့သေးသည်။

" ခုဖြစ်စဉ်မှာ အကျဉ်းသား စုစုပေါင်း ၂၆ ယောက် သေဆုံးသွားပါတယ်၊ မူလကတော့ ၃၀ လောက် ထိ ရှိမယ်လို့ ခန့်မှန်းထားတာပါ" ဟု ပြည်နယ် ပြည်သူ့လုံခြုံရေး အရာရှိ Caio Bezerra က ပြောသည်။

ယင်းကဲ့သို့ အကျဉ်းထောင် ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက ထောင်တွင်းသို့ ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်။ မူးယစ်ဂိုဏ်းနှစ်ခုမှ အဖွဲ့သားများအကြား အကြမ်းဖက် ထိတွေ့တိုက်ခိုက်မှုကြောင့် ယခုဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly