ဆီးဗီးလားကို ရှုံးနိမ့်ခဲ့သော်လည်း စိုးရိမ်ပူပန်မှု မရှိကြောင်း နည်းပြ ဇီဒန်း ပြောဆို

ဆီးဗီးလားကို ရှုံးနိမ့်ခဲ့သော်လည်း စိုးရိမ်ပူပန်မှု မရှိကြောင်း နည်းပြ ဇီဒန်း ပြောဆို

ဇန်နဝါရီ ၁၆၊ စပိန် ။          ။ ဆီးဗီးလားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း စိုးရိမ်ပူပန်မှုမရှိကြောင်း ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောကြားခဲ့သည်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့သည့် ဆီးဗီးလားအသင်းနှင့် ပွဲတွင်၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဇီဒန်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယခုပွဲစဉ် ရှုံးနိမ့်မှုသည် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြီးခဲ့သည့်နှစ် ဧပြီလ ၆ ရက်နေ့နောက်ပိုင်း ပထမဆုံးကြုံတွေ့ရသည့် ရှုံးပွဲလည်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့က ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်အသင်းကို ချန်ပီယံလိဂ်တွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပွဲပေါင်း ၄၀ ရှုံးပွဲမရှိစံချိန် တင်ခဲ့သည့် ရီးယဲလ်အသင်းသည် ဆီးဗီးလားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ခဲ့ရသည်။

“ ပွဲချိန် ၈၅ မိနစ်အထိ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ပွဲချိန်ငါးမိနစ်ကို အာရုံစူးစိုက်မှုမရှိခဲ့တာကြောင့် ဒီရလဒ်ကို ကျွန်တော်လက်ခံပါတယ်။ ဘောလုံးဆိုတာ အချိန်မရွေးပြောင်းလဲ သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီပွဲကရတဲ့ သင်ခန်းစာတွေကို နောက်ပွဲတွေအတွက် စိတ်ဓာတ် ခွန်အားအဖြစ် ကျွန်တော်တို့ ပြောင်းလဲသွားမှာပါ”လို့ နည်းပြ ဇီဒန်းက ပြောဆိုခဲ့သည်။

ဆီးဗီးလားအသင်းသည် ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့် ဘာစီလိုနာအသင်းကို ကျော်တက်ကာ လာလီဂါအမှတ်ပေးဇယားတွင် ၃၉ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags