ဒေါ်နယ်ထရန့်၏ ကျမ်းကျိန်ပွဲအခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဟု ထုတ်ပြောလာသော ဒီမိုကရက်တစ်အမတ် အရေအတွက် များပြားလာ

ဒေါ်နယ်ထရန့်၏ ကျမ်းကျိန်ပွဲအခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဟု ထုတ်ပြောလာသော ဒီမိုကရက်တစ်အမတ် အရေအတွက် များပြားလာ

ဇန်နဝါရီ ၁၆ ။                ။ လာမည့် ဇန်နဝါရီ ၂၀ တွင်  ပြုလုပ်ရန်ရှိနေသည့် ဒေါ်နယ်ထရန့်၏ အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ပွဲအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ဟု ထုတ်ပြောလာသော ဒီမိုကရက်တစ်အမတ် အရေအတွက် များပြားလာနေခဲ့သည်။

ထရန့်၏ ကျမ်းကျိန်ပွဲသို့ တက်ရောက်ရန် ငြင်းဆန်ထားသူ ဒီမိုကရက်တစ်အမတ်အများစုမှာ အရပ်ဘက်ရပိုင်ခွင့် လှုပ်ရှားသူ အမတ် ဂျွန်လူးဝစ်အပေါ် ထရန့်၏ ထိုးနှက်တိုက်ခိုက်စကားများနှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ ငြင်းဆန်ခဲ့ခြင်းလည်း ဖြစ်သည်။

သမ္မတသစ်၏ ကျမ်းကျိန်ပွဲအခမ်းအနားသို့ တက်ရောက်မည် မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ပြောထားသူများထဲတွင် အော်ရီဂွန်း၊ ကယ်လီဖိုးနီးယား၊ မက်ဆာချူးဆက်စ်၊ နယူးယောက်၊ မစ်ဆိုရီ၊ မီချီဂန်၊ အိုဟိုင်းယိုး၊ အရီဇိုးနား၊ ဝါရှင်တန် ၊ ဝစ်ကွန်ဆန် ပြည်နယ်များမှ အောက်လွှတ်တော် အမတ်များပါဝင်နေပြီး အရေအတွက်အားဖြင့် နှစ်ဒါဇင်နီးပါး ရှိလာကြောင်းလည်း သိရသည်။

တစ်ချိန်တည်းမှာပင် ထရန့်၏ ကျမ်းကျိန်ပွဲသို့ တက်ရောက်မည်မဟုတ်ဟု ပြောဆိုထားသော ဝါရင့်လွှတ်တော်အမတ် ဂျွန်လူးဝစ်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း များစွာ စိတ်ပျက်မိကြောင်း ရွေးကောက်ခံ ဒုသမ္မတ Mike Pence က ထုတ်ဖော်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly