တူရကီကုန်တင်လေယာဉ် ကာဂျစ်စတန်နိုင်ငံရှိ လူနေရပ်ကွက်ထဲ ပျက်ကျ၍ ၃၂ ဦးထက်မနည်း သေဆုံး

တူရကီကုန်တင်လေယာဉ် ကာဂျစ်စတန်နိုင်ငံရှိ လူနေရပ်ကွက်ထဲ ပျက်ကျ၍ ၃၂ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ ၁၆ ။              ။ ဇန်နဝါရီ ၁၆ ရက်က ဆီးနှင်းများထူထပ်စွာ ကျဆင်းနေချိန် ကာဂျစ်စတန်နိုင်ငံ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့သော တူရကီကုန်တင်လေယာဉ်တစ်စီး လူနေထူထပ်ရာ ရပ်ကွက်တစ်ခုတွင်းသို့ ပျက်ကျသွားခဲ့၍ အနည်းဆုံး ၃၂ ဦးသေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တူရကီလေကြောင်းလိုင်းမှ အဆိုပါ ကုန်တင်လေယာဉ်မှာ ဟောင်ကောင်မှ အစ္စတန်ဘူလ်သို့ ပျံသန်းလာခြင်းဖြစ်ကာ ကာဂျစ်စတန်မြို့တော် Bishkek တွင် ဆင်းသက်ရန်ကြိုးစားစဉ် ဒေသစံတော်ချိန် ၇ နာရီခွဲခန့်က လူနေကျေးရွာရပ်ကွက်တစ်ခုသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်အတွင်း သေဆုံးသွားသူ အများစုမှာ လေယာဉ်ပျက်ကျခဲ့သည့်နေရာဖြစ်သော Dacha-Suu ကျေးရွာမှ ရွာသူရွာသားများဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန   ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

လေယာဉ်မှူး လေးဦးလည်း သေဆုံးသွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

ကာဂျစ်စတန် လေဆိပ်အာဏာပိုင်များ၏ ပြောကြားချက်အရ လေယာဉ်မှာ Bishkek မြို့အနီး Manas မြို့တွင် ခရီးတထောက်နားရန် စီစဉ်ခဲ့သည်ဟု ယူဆရကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၁၅ လုံး ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags