ဝိုင်းဝန်းကူညီကြမယ့် မနက်ဖြန်နေ့ရက်များ အပိုင်း(၂)

ဝိုင်းဝန်းကူညီကြမယ့် မနက်ဖြန်နေ့ရက်များ အပိုင်း(၂)
ဓာတ်ပုံ-သူရ

အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် စတင်ပြောင်းလဲပြေးဆွဲလိုက်တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက စေတနာ့ဝန်ထမ်းကူညီသူတွေနဲ့အတူ ခရီးသွားပြည်သူတွေကို ကူညီဖို့ ရှိနေပါတယ်။

ဒေါ်ကြည်ပြာ (ကျောက်တံတား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

တောက်လျောက် လုပ်မဲ့သူကသိပ်မရှိဘူးဖြစ်နေတော့ ဗန္ဓုလပန်းခြံထဲမှာ အထိုင်အနေနဲ့ ရှိသမျှမြို့နယ်တွေရဲ့လိုအပ်ချက်ကို လုပ်အားပေးတွေနဲ့ချိတ်ဆက်ပြီးတော့ အစ်မတို့က အဓိကလုပ်မယ်ပေါ့။ အစ်မမြို့နယ်က မှတ်တိုင်အနေနဲ့ ၆ မှတ်တိုင်ပဲရှိတယ်ဆိုတော့က ဒီနေ့ညနေဆို ၃နာရီ အစည်းဝေးလုပ်ထားတယ်ပေါ့နော် ။ လုပ်အားပေးတွေကလည်း အယောက် ၃၀ လောက်ရှိတော့ သူတို့တွေကို အကုန်လိုက်ချပေးလိုက်မယ်။ အကုန်စီစဉ်လိုက်မယ်ပေါ့ ။ အစီစဉ်ချပြီးတော့လေ။ မနက်ဖြန်ကြရင် သူတို့တွေနဲ့ ချိတ်ဆက်ဖို့ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်တွေလည်းရှိတဲ့အခါကျတော့ အစားအသောက် ဘာညာ အစ်မတို့က ချိတ်ဆက်မယ်။  ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း အကူညီတောင်းထားပြီးဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးတွေကလည်း လိုက်ရံပေးမယ်။ ပြီးတော့ ရဲတို့ ဘာတို့ကိုလည်း ပြောထားပြီးသား ဆိုတော့ သူတို့လည်းလိုအပ်လို့ရှိရင် တချို့နည်းနည်းရမ်းကားတဲ့သူမျိုးတွေလည်း ရှိမှစိုးလို့လေ။  ကြိုတင်ပေါ့လေ။ ဒါကတော့ အဲ့လိုစီစဉ်ထားတယ်။ အဲ့တော့ အစ်မကလည်း လုပ်အားပေးလူငယ်လေးတွေချတဲ့နေရာမှာ အဆင်ပြေရင်ပြေ ၊တစ်ပတ်၊ တစ်ပတ်တော့ ပတ်ကြည့်ပေးမယ်။ ပြီးရင် အစ်မအထိုင်ချမှာက ဗဟိုကွပ်ကဲရေးရုံးလုပ်ထားတာက မဟာဗန္ဓုလပန်းခြံထဲမှာဆိုတော့ အဲ့ဒီမှာ အမြဲတမ်းရှိနေမယ်ပေါ့နော်။ စနစ်တစ်ခုကို ပြောင်းတဲ့အခါကြတော့ ဒီလိုပဲလိုက်ပါရတာက အသစ်အနေနဲ့ကို နည်းနည်းခက်ကြတယ်လေ။ သို့ပေမယ့် ဒီကိစ္စကမဖြစ်မနေလိုအပ်လို့ အစိုးရက ပြီးခဲ့တဲ့ ၃လလောက်ထဲကစပြီးတော့ အစိုးရတာဝန်ယူတည်းကိုက ဒီဟာတော့လုပ်ရမယ်ဆိုပြီး စဉ်းစားလာခဲ့တာပေါ့နော်။ တကယ်ချပြတဲ့အချိန်ကတော့ နည်းနည်းလေးတော့ကပ်သွားတာပေါ့လေ။  အားလုံး ပြင်ဆင်ရတာတွေလည်း နည်းနည်းအဆင်မပြေဖြစ်တယ်။ ပြီးတော့ လိုင်းတွေဆို ကျွန်မတို့တောင် အခုချိန်ထိလည်နေတုန်းပဲ။ အဲ့လိုမျိုးလေးတွေလည်းရှိတော့ ပြည်သူတွေကလည်း စနစ်တစ်ခုပြောင်းတယ် ။ ပုံစံတစ်ခု ပြောင်းတယ်ဆိုရင် အဲ့ဒီအပြောင်းအလဲကို လိုက်ပါဖို့က စိတ်ညစ်ကြတာပဲလေ ။ နဂိုရှိနေတဲ့ အခြေနေလေးအတိုင်းပဲ သွားချင်တာပေါ့နော်။ နောက်တစ်ချက်ကြတော့ အဲ့အပြောင်းအလဲကိုသွားဖို့လည်း သိပ်အဆင်မပြေဘူးပေါ့ ။ ပုံမှန်အတိုင်းလေးပဲသွားချင်တဲ့ လူမျိုးတွေလည်းရှိသလို နောက်တစ်ခုကလည်း ကားကတချို့နေရာတွေမှာ ၂ ဆင့်ဖြစ်သွားပြီဆိုတဲ့အခါကြတော့ နဂို ၂၀၀ နဲ့ရောက်တာကနေပြီးတော့ ၃၀၀ ဖြစ်ချင်လည်းဖြစ်သွားမယ်ဆိုတော့ အခြေခံလူတန်းစားကတော့ ဒီအတွက်ကို စိတ်ပူပင်သောကရှိမှာပေါ့လေ။ အခု ၃လကပထမ အဆင့်၁ အနေနဲ့ဆောင်ရွက်နေတာပေါ့နော် အဲ့တော့ အဆင့်၁ အနေနဲ့ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ကြားရတာတွေရှိလာတယ်။ အဲ့ဒီ့ကနေပြီးတော့ ဝန်ဆောင်မှုလုပ်တယ်ဆိုတော့ အစိုးရအနေနဲ့ အချို့ကိစ္စအရှုံးခံသင့်လည်း အရှုံးခံရမှာပေါ့နော်။ပြည်သူကိုတော့ အရမ်ဒုက္ခပေးလို့မရဘူးကိုး။ ပြီးတော့ နဂိုကတစ်ဆင့်လာရတဲ့လိုင်းက ၃ ဆင့်ဖြစ်သွားပါတယ်ဘယ်လိုမှ ပြည်သူတွေအနေနဲ့ အဆင်မပြေနိုင်ဘူးဆိုလို့ရှိရင်လည်း မဖြစ်မနေ လိုင်းထပ်တိုးဖို့ဆိုတာမျိုး ပြည်သူတွေရဲ့အသံကို အစ်မတို့က ပြန်နားထောင်မှာပါ။ နားထောင်ပြီး လိုအပ်တာတွေကို ကိုယ်စားလှယ်တွေအနေနဲ့ရော အရပ်ဘက်အဖွဲ့အစည်းတွေကရော ဒါကိုအားလုံးစိတ်ဝင်တစားနဲ့ ကူညီပေးကြတယ်။ စောင့်ကြည့်ကြတယ်ဆိုတော့ တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်တော့ တဖြည်းဖြည်းနဲ့ပြင်သွားပေးမှာပေါ့ ။ ဝုန်းခနဲတော့ ချက်ချင်းကြီးအကုန် အကောင်းကြီးတော့ မရနိုင်ဘူးပေါ့နော်။ ပြင်စရာတွေရှိမှာ အသေချာပဲ။  ပြင်သွားမယ် ၊တဖြည်းဖြည်းနဲ့ အဲ့လိုမျိုးလုပ်သွားပါမယ်။

ဦးလှသိန်း (တာမွေမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် )

မှတ်တိုင်ပေါင်းက ၃၇ တိုင် ၊ရှိတယ်ခင်ဗျ ။ ကျွန်တော်တို့မြို့နယ်က အဲ့ဒီ ၃၇ တိုင်မှာ ကျွန်တော်တို့လူတွေ တစ်မှတ်တိုင်မှာ၂ယောက် ၊ ၃ ယောက်ရှိနေမယ် ။ ရှိနေပြီးတော့ လုပ်အားပေးမယ့်သူတွေနဲ့ ကျွန်တော်တို့ မြို့နယ်ရုံးမှာ မနေ့ကတုန်းက တွေ့လိုက်ပါတယ်။ အားလုံး လူ ၁၀၀ ကျော် လောက်ရှိပါတယ်။ တွေ့ပြီးတော့ လိုင်းကားတွေရဲ့လမ်းညွှန်ပေါ်မှာ ရှင်းပြတယ်။ အထူးသဖြင့် မြို့နယ်မှာ ဖြတ်သန်းမယ့် လိုင်းကားတွေကို ကားနံပါတ်အမှတ် ရွေးထုတ်ပြီးတော့ မှတ်တိုင်တိုင်း၊ မှတ်တိုင်တိုင်းမှာ ဦးဆောင်မယ့်သူတွေရှိပါမယ်။ သူတို့ကတော့ အင်္ကျီတွေ၊ လက်ပတ်တွေ ၊ ဦးထုပ်တွေနဲ့ ရှိထားပါမယ်။ လာမဲ့သူတွေကို မှတ်တိုင်မှာ အခက်ခဲမရှိအောင် မနက်ဖွင့်တဲ့အချိန်ကနေစပြီး ညနေပိတ်တဲ့အချိန်ထိ အဆိုင်းလိုက် ကျွန်တော်တို့ ဆောင်ရွက်မယ် အဲဒါတော့ မနေ့က တွေ့ပြီးပြီ။ အခုညနေမှာ ပြန်တွေ့မယ်။ တွေ့တဲ့အချိန်ခါမှာ မှတ်တိုင်ရဲ့အနေထားတွေ ကျန်တဲ့အစိတ်ပိုင်းတွေကို ထပ်ပြင်မယ်။ လူ၁၀၀ ကျော်လောက် ၊ ၁၅၀ လောက် ကျွန်တော်တို့ဆီမှာ ရှိပါမယ်။ မဖြစ်ခင် စပ်ကြားမှာတော့ သူတို့ကတော့ ဗြုန်းစားကြီးဆိုတော့ ပြင်ဆင်မှုက အဆင့်ဆင့် အကုန်လုံးပြင်ဆင်ထားကြတာလေ။ ပြင်ဆင်ထားတော့ လူတွေစပြီးအများဆုံးထွက်မယ့် တနင်္လာနေ့မှာ လုပ်လိုက်တဲ့အတွက် ပထမပိုင်းမှာတော့ အဆင်မပြေမှုလေးတွေရှိကောင်းရှိမယ် ။ တဖြည်း ဖြည်းနဲ့ အသားကျသွားမယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မြို့နယ်က လူ ၁၅၀ လောက် လွှတ်တဲ့အစိတ်အပိုင်းမှာလည်း လုပ်အားပေးဖို့ဆောင်ရွက်တဲ့ဟာမှာ ကျွန်တော်တို့ NLD က အနည်းငယ်လောက်ပဲရှိတယ်။  ပြည်သူတွေတော်တော်များများ ပါဝင်လာတယ်။ သူတို့ကိုယ်တိုင် အစိုးရသစ်ရဲ့ပြောင်းလဲမှုပေါ့လေ ။ ၂၀၁၇ ခုနှစ် နှစ်စပိုင်းရဲ့ ပြောင်းလဲမှုကို သူတို့ကိုယ်တိုင်လိုလိုလားလား ပါဝင်ချင်တယ်။ မျှော်မှန်းထားတဲ့ ကားတွေရဲ့စနစ် အနေအထား၊ မှတ်တိုင်ကို ရောက်မယ် လူချမယ်။ ပြီးတော့ တင်မယ် ။ ပြီးတာနဲ့ထွက်မယ် ။ မှတ်တိုင်မှာ ကားတွေမကြန့်ကြာဘူး ။ မထပ်ရဘူး ။ ဒီလိုစနစ်မျိုးလေးကိုလည်း ပြည်သူတွေက ဒါကိုကြိုက်ကြတယ်ခင်ဗျ။ နောက်တစ်ခုက အရင်တုန်းကဆိုရင် ကားခလည်းပေးပြီး ကားပေါ်တင်စီးပြီး ကိုယ့်အသက်တောင် စိုးရိမ်စိတ်နဲ့ ဟိုပြိုင်မောင်း ဒီပြိုင်မောင်း ဒီအယူဆကြီးကလည်း ရှောင်လွဲတော့မယ်ဆိုတာပါ။

ကားအစီးရေနဲ့ တစ်စီးနဲ့တစ်စီး ကျော်မတက်ရအောင် ၊ ပြိုင်မောင်းတာတွေမရှိရအောင် ၊မှတ်တိုင်တွေမှာ အကြာကြီး မရပ်ရအောင် ဗဟိုကွန်ထရိုးစင်တာကလည်း ထိန်းချုပ်ထားမှာ ။ ကားက ဘယ်ယာဉ်စည်းကမ်းကို ဘယ်မှာ ဖောက်ဖျက်ပြီဆိုတာကို သူတို့သိနိုင်အောင် နည်းလမ်းတွေလုပ်ထားတယ်ဗျ။ နောက်တစ်ခုက ယာဉ်လိုင်းတွေမှာ ကားတွေသိပ်ရှုပ်ထွေးနေတယ် ။ မှတ်တိုင်မှာ လူတွေကြပ်နေရင်အဲ့ဒီ့ကို ကားတွေရောက်လာနိုင်ဖို့ နည်းစနစ်ပိုင်းကိုလည်း သူတို့ပြင်ဆင်ထားတယ်ဗျ။ အောင်မြင်သွားမှာပါ။ တစ်နည်းအားဖြင့် ယာဉ်လိုင်းတွေကို လျော့ချပြီးတော့ ကြပ်တဲ့ကိစ္စကိုလည်း အပြိုင်အဆိုင်မောင်းတာ၊ လမ်းပိတ်ဆို့မှုကိုလည်းနည်းပါးအောင်လည်း ဒီမှာလည်း သူတို့လက်မှတ်ထိုးထားပါတယ်။ တစ်ချိန်မှာ ဒီယာဉ်လိုင်းတွေက အသစ်တွေဖြစ်သွားမှာပါ။ ဖြစ်သွားမဲ့အတွက် အဆင့်တန်းမြင့်မြင့် ဆောင်ရွက်သွားမှာပါ။ ဒီအတွက် စတဲ့အချိန်မှာ အဆင်ပြေပါ့မလား တစ်စ်ခုရှိတာပေါ့နော် ။ တစ်ပတ်လောက်တော့ အခုဆို မြို့ထဲကိုသွားရင် ၃၀၀ နဲ့ပြီးတယ် ။ ပထမ ဒီစဆောင်ရွက်ခါစမှာတော့ ယာဉ်ကပြောင်းပြီးတော့စီးရတဲ့အတွက် မကျွမ်းကျင်ကာစမှာ ဝန်ဆောင်မှုကတော့ နည်းနည်းလေး ပိုပြီးတော့ ကုန်ဖို့ရှိတယ်ဗျ။ အောင်မြင်မှာပါ။ ပြည်သူလူထုရဲ့ ပူးပေါင်းမှုအားကလည်း သိပ်ကောင်းတယ်။ စနစ်ကကောင်းတဲ့အတွက်လည်း ပူးပေါင်းကြတာပါ။ တက္ကစီတွေကိုလည်း ကျွန်တာ်တို့ စစ်ထုတ်မယ် ။ ရန်ကုန်တက္ကစီ၊ နယ်တက္ကစီ၊ ရေပေါ်တက္ကစီပြောတဲ့ ရှပ်ပြေးအသေးလေးတွေ ၄ယောက် ၊၅ယောက်ဆန့်တဲ့ ။ ဒါလေးတွေလည်းမကြာခင်မှာ ဆိတ်ကမ်းတွေ သတ်မှတ်ပြီးပြီလေ။ ဒါတွေ ပေါ်ပေါက်လာရင် သွားလာမှုမှာ သတ်မှတ်ထားတဲ့အချိန် အတောအတွင်းမှာ ရောက်နိုင်ဖို့ ပိုကောင်းလာမှာဖြစ်တဲ့အတွက် ဆောင်ရွက်မှုဟာ အောင်လည်းအောင်မြင်မယ်။ နှစ်စရဲ့ပြည်သူလူထုအတွက် ပြောင်းလဲမှုတစ်ခုလို့ မြင်ပါတယ်။

ဦးသန့်စင် (ဒေါပုံမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်)

မြို့နယ်အလိုက်ကို မြို့နယ်လွတ်တော်ကိုယ်စားလှယ်ရယ် ၊ မြို့နယ်မှာရှိတဲ့ ပါတီဝင်တွေပေါ့နော် ။ အဓိကထားပြီး အင်အား ၃၀ လောက်နဲ့ လမ်းကြောင်းကတော့ မှတ်တိုင်က ၁၃ မှတ်တိုင်ပဲ ရှိတယ်လေ။  ရှိတယ်ဆိုတော့ ဒေါပုံက တစ်မှတ်တိုင် ၂ ယောက်နူန်းနဲ့ဆိုတော့ ၂၆ ဦးပေါ့။ အဲဒါနဲ့စပြီးတော့ ကူညီမှာပါ။ ဒီဘက်ကလည်း ဗဟိုကနေပြီး အဖွဲ့နဲ့ခေါင်းဆောင် ၃ယောက် လွှတ်ပေးမယ်လို့ ပြောတယ်။ မနက်ဖြန် မှာသူတို့လာဆက်သွယ်မယ်လို့ပြောတယ်။ သက်ဆိုင်ရာမြို့နယ်ကိုယ်စားလှယ်ကို လာပြီးဆက်သွယ်မယ်လို့ ပြောတယ်။ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ပြောတယ်။ အစီစဉ်ကတော့ အဲ့လောက်ပါရှိပါတယ်။ မနက် ၆နာရီကျလူစုပြီး ၇နာရီကျတော့ မှတ်တိုင်တွေမှာ အနည်းဆုံးနှစ်ယောက်ပေါ့နော် ။ အဲဒါလေးစပြီး ကိုယ့်မြို့နယ်အလိုက် လှုပ်ရှားမှာပါ။ လွှတ်တော်ကိုယ်စားလှယ်အပိုင်း ကတော့အဲ့လောက်ပဲရှိပါတယ်ခင်ဗျ။ လုပ်ငန်းတစ်ခုဟာ စရင်တော့ အဆင်တော့ချောမှာမဟုတ်ပါဘူး။ လိုင်းတွေကတချို့ကကိုယ်သွားချင်တဲ့နေရာမရောက်ဘူး တစ်ဆင့်တို့ နှစ်ဆင့်တို့က တော်တော်လေးတော့ နည်းနည်း ကျွန်တော်ထင်မိပါတယ် ။ တစ်ပတ် နှစ်ပတ်လောက်ကတော့ မဖြစ်နိုင်သေးပါဘူး။ နောက် ငွေပေးငွေယူလေးကလည်း အခက်ခဲရှိမှာပေါ့လေ။ စင်ကာပူမှာလုပ်တာကတော့ I pay ကဒ်လိုသဘောမျိုးနဲ့ပေါ့ ။ ဟိုမှာက ကားအစီးရေ နည်းတယ် ။ ဒီမှာက ကားများတဲ့အတွက် ပိုဆိုးသွားတာပါ။ ကားအစီးရေလျော့ပြီးတော့မှ လမ်းကိုတောက်လျောက်ပြေးနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့နော့။ အခက်ခဲတော်တော်များများတွေ့မှာပါ ။ လက်ကမ်းစာစောင်တွေဝေတာဆိုရင် မနေ့ကတည်းကရတည်းက ညတည်းက ဝေပါတယ်။ ကိုယ့်မြို့နယ်မှာရှိတဲ့ရပ်ကွက်တွေကို အရင်ဆုံးဝေတယ် ပြည်သူလူထုကို ဒါလေးချပြတာပေါ့နော်။ အရင်ဆုံးဝေလိုက်တော့ သောကြာ စနေ တနင်္ဂနွေ သုံးရက်လောက်တော့ လေ့လာနိုင်တာပေါ့နော့ ။ သူတို့ကြိုပြီးလေ့လာနိုင်အောင် လက်ကမ်းစာစောင်ဝေတယ် ကြိုပြီးလေ့လာနိုင်အောင် ကျွန်တော်တို့က ဝေပါတယ်။ အဲ့အပြင်ကို တာဝန်ယူပြီးတော့ကူညီမယ့်သူတွေကို ကြေညက်နေအောင်ပေါ့နော် ။ လေ့လာထားဖို့လိုတယ်။ ဖုန်းကနေပြီးတော့ လိုင်းတွေကို ရှာရင်လုပ်တဲ့ အပလီကေးရှင်းလည်းရှိတယ်။ ဖုန်းမှာ ဒေါပုံရောက်တယ်ဆိုရင် သွားချင်တယ်ဆိုတဲ့နေရာက လသာ ဆိုလို့ရှိရင် လမ်းကြောင်းပေါ်လာပါတယ်။ အဲဒါလေးက တော်တော်လေးအဆင်ပြေတယ်။ ဒါပေမယ့် တိုက်ရိုက်မရောက်တာတော့ ခက်တာပေါ့နော့ ။ ဒီတိုင်း တိုက်ရိုက်ရောက်တဲ့လမ်းက မရောက်ဘဲ ၂ ဆင့် စီးရတယ် ။ ၃ ဆင့်စီးရတာတော့ ကျွန်တော်ထင်ပါတယ် ။ ကွန်ပလိန်းကတော့ တက်လာမှာ ပါ။ ဘာလည်းဆိုတော့ တစ်လမ်းတည်းမောင်းတာတောင် ဒုက္ခရောက်တယ်ဆိုတော့။ ဒီကနေ ဟိုဘက်ပြောင်းဆိုရင်တော့ ပြည်သူတွေနည်းနည်းတော့ ဒုက္ခဖြစ်မှာပဲ။ ကွန်ပလိန်းလာရင်တော့ ကျွန်တော်တို့ ကြုံမှာဒီကိစ္စက။ တစ်ရာကုန်မယ့်လမ်း ၂၀၀ ကုန်ရင်လည်းကုန်မှာပေါ့ ။ အဲဒါလေးတွေလည်း ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကနဲ့တော့ ဒါကိုပြန်ပြီးပေါ့နော် ။ ဆာဗေးသဘောမျိုးလုပ်ပြီးတော့မှ မှတ်တိုင်တွေမှာလည်း ပြည်သူ့အသံနားထောင်ပြိးတော့မှ ပြန်ဆွေးနွေးပွဲလေးတွေရှိပါတယ်။ သူတို့လုပ်နေပါတယ်။ အဲ့ကနေပြီးတော့ ဘယ်လိုပြုပြင်ရမလည်း ပြင်သင့်တဲ့ဟာတွေတော့ ပြင်ရမှာပေါ့နော် အဲဒါလေးတွေလည်း ရှိပါတယ်။

အပိုင်း(၁)အား အောက်ပါလင့်တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ http://www.mizzimaburmese.com/article/22360

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly