နာဂဒေသ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး အလေးပေး လုပ်ဆောင်သွားမည်ဟု ပြော

နာဂဒေသ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး အလေးပေး လုပ်ဆောင်သွားမည်ဟု ပြော

လဟယ်မြို့၊ ဇန်နဝါရီလ ၁၅ ။             ။ နာဂဒေသဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီးကို အထူးအလေးပေးလုပ်ဆောင်ပေးသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ယနေ့ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြောကြားသည်။

"စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်ပါတယ်လို့ပြောတယ်ဆိုရင် နာဂဒေသမတိုးတက်ဘဲနဲ့ တိုးတက်တယ်လို့ပြောတယ်ဆိုလို့ရှိရင် အများရယ်စရာကျပါမယ်။ သဘာဝလည်း မကျပါဘူး။ ဒါကြောင့် ဒီဒေသကို အထူးအလေးထားပြီး လုပ်ပါမယ်။ ဒီဒေသအဓိက ဖွံ့ဖြိုးတိုးတက်ဖို့ဆို လမ်းပန်းဆက်သွယ်ရေးပါ။ နောက်လျှပ်စစ်မီးပါ "ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က "လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးကို အထူးအလေးပေးလုပ်ပါမယ်။ ဒီဒေသဖွံ့ဖြိုးရေးဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့အတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးပါမယ် " ဟု ထပ်လောင်းပြောကြားသည်။

နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း အစိုးရအဖွဲ့နှင့် အားကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly