နာမည်ကျော် လူ့အခွင့်အရေးလှုပ်ရှားသူအား ဝေဖန်ထိုးနှက်မှုအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံရသည့်ထရမ့်

နာမည်ကျော် လူ့အခွင့်အရေးလှုပ်ရှားသူအား ဝေဖန်ထိုးနှက်မှုအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံရသည့်ထရမ့်

ဇန်နဝါရီ ၁၅ ။            ။ နိုင်ငံရေးသမားများ၊ အနုပညာရှင်များနှင့် လူအများအပြားဟာ မကြာသေးခင်ကမှ ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်နှင့် စကားများထားသည့် အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူအထက် လွှတ်တော်အမတ် ဂျွန်လူးဝစ်အား ထောက်ခံကာကွယ်မှုများ ပြုလုပ်နေကြသည်။

မစ္စတာထရမ့်ဟာ တွစ်တာပေါ်၌ မစ္စတာလူးဝစ်ဟာ လေကြီးမှု သက်သက်သာရှိပြီး သူ့ရဲ့မဲဆန္ဒနယ်အတွက်သာ အာရုံစူးစိုက်သွားသင့်သည်ဟု ရေးသားခဲ့သည်။ မစ္စတာလူးဝစ်က ဒေါ်နယ်ထရမ့်ဟာ သဘာဝကျသော တရားဝင် သမ္မတတစ်ဦး မဟုတ်ပါဘူးလို့ ပြောဆိုခဲ့တဲ့အတွက် ထရမ့်က ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မစ္စတာလူးဝစ်၏ ထောက်ခံသူများဟာ ထရမ့်ကိုဒေါသများ ပြည့်နှက်လျက်တုံ့ပြန်ခဲ့ပြီး လူးဝစ်ဟာ သူရဲကောင်းတစ်ဦးနှင့် အမွှမ်းတင်ခံရမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောခဲ့ကြသည်။

မစ္စတာလူးဝစ်ဟာ ၁၉၆၀ခုနှစ်များတုန်းက လူ့အခွင့်အရေးလှုပ်ရှားမှုတွင ်ဦးဆောင်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူဟာ မာတင်လူသာကင်းဦးဆောင်ခဲ့သော ၁၉၆၃ခုနှစ်တုန်းက ဝါရှင်တန်သို့ ချီတက်ပွဲတွင်ပါဝင်ခဲ့ သည့် သူတစ်ဦးလည်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags