မြန်မာ့ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းနှင့် 7 Minutes (အပိုင်း ၂)

15 January 2017
မြန်မာ့ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းနှင့် 7 Minutes (အပိုင်း ၂)

စင်ကာပူကနေ မြန်မာပြည်ကိုလာတာ ၇၀ ကနေ ၈၀ က စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ပဲ လာတယ်။ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း တကယ့်နေရာတွေကလည်း အများကြီးကျန်သေးတယ်။ သူတို့ မသွားနိုင်သေးဘူး မရောက်ဘူးသေးတဲ့နေရာတွေ ရှိတယ်။ သူတို့တွေ များများသွားနိုင်အောင် အဲဒီနေရာတွေအတွက် ဘာတွေများ လုပ်ပေးဖို့ရှိလဲ။ ဘယ်လိုအခက်အခဲတွေရော ရှိမယ်လို့ထင်လဲ။ ဥပမာ လေကြောင်းလိုင်းက အစပေါ့နော်။

ဟုတ်ကဲ့ပါရှင့်။ ထားပါတော့ အခု ရန်ကုန်နဲ့ စင်ကာပူကြားထဲမှာ ပျံနေတာက တစ်ပတ်ကို ၅၈ ခု လောက်ရှိပါတယ်။ အဲဒါက ပြောမယ်ဆိုရင် မနည်းပါဘူး။ နောက်တစ်ခါ စင်္ကာပူနဲ့ မန္တလေးကြားမှာ တစ်ပါတ်ကို ၄ ခုရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကို ကျွန်မတို့က အဓိကအနေနဲ့ထားပြီးတော့ ဒီလူတွေကို သူတို့မှာ ရက်ရှည်ရှည် နေနိုင်မှာမဟုတ်ဘူး။ တစ်နှစ်မှာ ထားပါတော့။  လူတစ်ယောက်က ၂ နှစ်အနည်းဆုံး ပြန်လာအောင် ကျွန်မတို့က မျှော်မှန်းလို့ရပါတယ်။ ဆိုတော့ မန္တလေးနဲ့ အနီးတစ်ဝိုက်မှာ အင်မတန်မှကို သွားကြည့်စရာကောင်းတဲ့ ကျွန်မတို့က ယဉ်ကျေးမှုအရရော ကြည့်စရာကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ ရန်ကုန်လည်း အတူတူပါပဲ။ ရန်ကုန်ဆိုလည်း ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာရှိတယ်။ ဥပမာအနေနဲ့ မွန်ပြည်နယ် နောက်တစ်ခါ ကရင်ပြည်နယ် ပဲခူး ဒါတွေက ရန်ကုန်ကနေပြီးတော့ Designation အသစ်အနေနဲ့ ကျွန်မတို့ မြှင့်တင်သွားဖို့ လိုပါတယ်။

အခြား ဥရောပတို့ အမေရိကတို့ဘာတို့ဆိုရင် သူတို့က အခြား အာဆီယံနိုင်ငံတွေဘာတွေ သွားမယ်ဆိုရင် Community Life တို့ဘာတို့ ခံစားကြည့်ချင်လို့ နောက်တစ်ခါ စွန့်စားသွားလာရတာတွေကို သွားကြ၊ လာကြတာများတယ်။ ဒါပေမယ့် စင်ကာပူက ဇိမ်ခံဖို့နဲ့ အစားအသောက်တွေ မြည်းစမ်းဖို့ ဘာတို့အပေါ်မှာပဲ ပိုပြီး အာရုံစိုက်မယ်လို့ ထင်ပါတယ်။ DM အနေနဲ့ အဲလိုရော မြင်လား။

ကျွန်မထင်တယ် ။ ကျွန်မတို့ကလည်း ဘယ်ဟာကို ပစ်မှတ်ထားတာလဲဆိုတာ မူတည်ပါတယ်။ နောက်ပြီးတော့ စင်ကာပူကဆိုရင် အခု အရမ်းကို ခရီးသွားကြတာက ကျောင်းသားတွေ စင်ကာပူမှာရှိတဲ့ ကျောင်းတွေ အကုန်လုံးနီးနီးက နှစ်တိုင်းနှစ်တိုင်းမှာ ခရီး ကို သူတို့က အပြင်ကိုထွက်ကြတယ်။ အပြင်ကိုထွက်တယ်ဆိုတာက သူတို့က ကလေးတွေကို Learning Experience ( အတွေ့အကြုံသင်ယူမှု) ဆိုတဲ့အတွက်ကြောင့်မို့ ဇိမ်ခံတာကို သူတို့က ရှောင်တယ်။ ကလေးတွေကို ဘာတွေလေ့ကျင့်တာလုပ်လဲဆိုတော့ ဗော်လန်တီယာအလုပ်တို့၊ တကယ့်ကို လူမှုအသိုင်းအဝိုင်းကို လေ့လာတာတို့ ၊ သမိုင်းကို လေ့လာတာတို့၊ အဲဒါတွေကို သူတို့တွေက လုပ်ပါတယ်။ အဲဒီနေရာတွေကို အဓိကထားပြီးတော့ သူတို့တွေ လုပ်ပါတယ်။ စီးပွားရေးသမားတွေပေါ့နော် သူတို့ကြတော့ အချိန်အများကြီး ပေးနိုင်မယ်မထင်ဘူး။ သို့သော် ခဏခဏ လာနိုင်တဲ့လူတွေရှိတယ်။ အဲလိုမျိုးကြတော့လည်း သူတို့အနေနဲ့ လွယ်ကူတယ်။ သက်သောင့်သက်သာရှိမယ်။ သူတို့နဲ့ အဆင်ပြေမယ့်နေရာမျိုးကို သူတို့က ရွေးလိုက်မယ်။ နောက်တစ်ခါ ကျွန်မတို့ဆီမှာက ဂေါက်ကွင်းပေါ့။ တကယ်တမ်းမလုပ်နိုင်သေးတာက ဂေါက်ကွင်းနဲ့ ပတ်သက်ပြီးတော့ပေါ။ မြန်မာပြည်မှာ ရန်ကုန်မှာရော၊ မန္တလေးမှာရော၊ နေပြည်တော်မှာပါ တော်တော့်ကိုကောင်းတဲ့ ဂေါက်ကွင်းတွေရှိပါတယ်။ ဒီဂေါက်ကွင်းတွေကိုလည်း ကျွန်မတို့က ခရီးသွားထုတ်ကုန်တစ်ခုအနေနဲ့ လုပ်ပြီးတော့မှ ဒီလို ဈေးကွက်တွေကို မြှင့်တင်လို့ရပါတယ်။

အဲဒါက အခုလတ်တလော ကျွန်တော်မေးတဲ့အပေါ်မှာ ဖြေလိုက်တဲ့ အဖြေလား။ နဂိုရော MDM အနေနဲ့ လုပ်မယ်ဆိုပြီး စဉ်းစားထာတာ ရှိလား။

MDM အနေနဲ့ လုပ်မယ်ဆိုတာက ကျွန်မတို့ Designation အနေနဲ့က Product တွေ အများကြီးလိုပါတယ်။ Adventure Trekking  ဒါတွေကလည်း Product တစ်ခုအနေနဲ့ ကျွန်မတို့က လုပ်လို့ရတယ်။ နောက်ပြီးတော့ အခု Spy ပေါ့နော်။ Spy ဆိုရင် Body ပေါ့နော်။ နောက်တစ်ခါ Meditation ဒါတွေကလည်း Tourism Product တွေဖြစ်ပါတယ်။ ဒီ Product တွေကိုလည်း ကျွန်မတို့ MDM အနေနဲ့ ခွဲပြီးတော့ Designation တွေအပြင် ထုတ်ကုန်အနေနဲ့ပါ ခွဲပြီးတော့ မြှင့်တင်သွားဖို့ ကျွန်မတို့ လုပ်နေပါတယ်။

စင်ကာပူကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်ကတော့ အခုလက်ရှိအခြေအနေမှာတော့ ၃၅ ရာခိုင်နှုန်း ပိုပြီးတိုးမြှင့်လာဖို့ ဒီ ဗီဇာကြောင့်ဆိုပြီးတော့ မြန်မာအစိုးရကလည်း   မျှော်လင့်နေတယ်ခင်ဗျ။ ဆိုတော့ တကယ်ရော ဖြစ်နိုင်လားခင်ဗျ။

ဖြစ်နိုင်တာပေါ့။ ဗီဇာမရှိသေးတဲ့အချိန်မှာတောင်မှ ကျွန်မတို့က ၁၈ ရာခိုင်နှုန်းလေ။ အခုကြတော့ ဗီဇာကို ကျွန်မတို့က ရက်ပေါင်း ၃၀ ကြာ ဗီဇာင်းလွှတ်ခွင့် ရှိတယ်။ နောက်တစ်ခါ အခုလိုများ Marketing effect ပေါ့နော် ။ Promotion effect ကို စဉ်ဆက်မပြတ် လုပ်မယ်ဆိုရင် သူတို့က ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုက ပိုပိုပြီးတော့ ရှိလာနိုင်တယ်။ ရှိလာတဲ့အခါမှာ ကျွန်မ အမြင်နဲ့ပြောရမယ်ဆိုရင် ၃၅ ရာခိုင်နှုန်းတောင်မကပါဘူး တိုးနိုင်ပါတယ်။ မြန်မာပြည်ကနေပြီးတော့ မနှစ်က စစ်ဆေးချက်အရ မြန်မာပြည်က စင်ကာပူကိုသွားကြတာ ၁၀၅၀၀၀ ရှိတယ်။

အဲတော့ ဒီ ၂၀၁၆ နှစ်ဆန်းပိုင်းမှာပဲ စင်ကာပူခရီးသွား လုပ်ငန်းစဉ်အဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ မြန်မာကို လာပြီးတော့ သူတို့ Promotion လုပ်သွားတယ်ခင်ဗျ။ သူတို့ပြောပြချက်အရဆိုရင် မြန်မာက အာရှမှာ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့ပြီးရင် အချိန်တွေပိုသုံးတယ် ရက် ကြာကြာနေတယ်။ ပြီးတော့ တစ်ယောက်ကို ၁၀၀၀ ကနေ ၁၅၀၀ ကြား စင်ကာပူဒေါ်လာ သုံးတယ်ဆိုပြီး ပြောနေကြတော့ ဘယ်လိုပြောမလဲ Quality Tourism ကို Visitor တွေ ဖြစ်လာတယ်လို့ သူတို့မြင်တယ်။ ဒီလို ဗီဇာကင်းလွှတ်ခွင့်ရသွားတာ သူတို့ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာတွေရဲ့ ပူးပေါင်းပါဝင်မှု မြန်မာတွေရဲ့ သွားရောက်လည်ပတ်မှုကနေ Income တွေ အများကြီးရနိုင်တယ်ပေါ့နော်။

ရနိုင်တာပေါ့။ ဒါကြောင့်မို့လည်း ခရီးသွားလုပ်ငန်းကလည်း စက်တင်ဘာ လကုန်ပိုင်းလောက်မှာ ကျွန်မတို့မှာ မြန်မာပလာဇာမှာ လာပြီးတော့ စင်ကာပူ Festival လုပ်သွားသေးတယ်။ လုပ်သွားတော့ သူက ကိုယ့်ကို ဈေးရောင်းသွားတာပေါ့နော်။ ဆိုတဲ့အခါမှာ အားလုံးက အပြိုင်အဆိုင်ပဲလေ ဒီ Global Market မှာပေါ့။ ကိုယ်ကလည်း သူ့ဆီကိုသွားပြီးတော့ သွားရောင်းရမှာပဲလေ။ အခု TAT ဆိုလို့ရှိရင် ကျွန်မတို့မြန်မာခရီးသွားတွေက တော်တော်သုံးပါတယ်။ ခုနကပြောသလိုပဲ သုံးပါတယ်။ TAT လည်း အဲလိုပဲ ကျွန်မ TAT ကလူတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ ထိုင်းက မြန်မာပြည်ကိုလာတာက ၁ သိန်းခွဲ မြန်မာတွေ ထိုင်းကိုသွားတာက ၂ သိန်းကျော်နေပြီ။

ကျွန်တော်တို့ ဗီဇာကနေပြီးတော့ စင်ကာပူ-မြန်မာ စီးပွားရေးအခွင့်အလမ်းတွေနဲ့ နည်းနည်းလေး ဆွေးနွေးကြည့်ရအောင်ပါ။ လက်ရှိအခြေအနေမှာ မြန်မာ-စင်ကာပူဟာ ရင်းနှီးမြှုပ်နှံမှုသမိုင်းမှာ   မြန်မာပြည်မှာ တရုတ်ပြီးရင် ဒုတိယမြောက်နိုင်ငံ ဖြစ်တယ်ခင်ဗျ။ ဟိုတစ်လောကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း စင်ကာပူကို သွားထားပြီးဖြစ်တယ်ပေါ့နော်။ အစိုးရအချင်းချင်းလည်း သဘောတူညီထားတာ ရှိတယ်ဆိုတော့ ဒီဗီဇာကင်းလွတ်ခွင့်ကနေ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုး အထူးစီးပွားရေး   မြှင့်တင်မှုတွေ ဖြစ်လာနိုင်မယ်လို့ မြင်လဲ။ MDM အနေနဲ့ရော သီးခြား ဘာတွေများ ဒီအပေါ်မှာ သုံးသပ်ချင်လဲခင်ဗျ။

MDM နဲ့ မြင်တာကတော့ အဓိကတော့ ခရီးသွားလုပ်ငန်းပေါ့နော်။ ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကို အများကြီး အထောက်အကူပေးနိုင်ပါတယ်။ အရင်းအနှီးဆိုတဲ့အခါမှာ ကိုယ့် ဘိုးဘွားတွေက ပေးခဲ့တဲ့ သဘာဝကပေးတဲ့ အမွေအနှစ်တွေကို အသုံးချပြီးတော့ လူတွေကအစ ဒါတွေက ကျွန်မတို့ရဲ့ အရင်းအနှီးတွေပဲလေ။ ဒါတွေကို သုံးပြီးတော့ ကျွန်မတို့က ခရီးသွားလုပ်ငန်း Income ပေါ့နော်။ တစ်နည်းပြောရလို့ရှိရင် ကျွန်မတို့ရဲ့ Export Income ကို ရနိုင်ပါတယ်။ ဆိုတော့ ကျွန်မတို့ကလည်း ခရီးသွားတွေ ကိုယ့်ဆီကို များများဝင်ဖို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း ဆက်လုပ်သွားမှာပါ။ စင်ကာပူကို ကျွန်မအနေနဲ့လည်း ခရီးသွားဘက်ကကြည့်မယ်ဆိုရင် စင်ကာပူက တော်တော်ကို အတုယူစရာတွေ အများကြီးရှိပါတယ်။ ကျွန်မတို့က ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းတွေကနေပြီးတော့ ကောင်းတဲ့အချက်တွေကို အတုယူပြီးတော့ မကောင်းတဲ့အချက်တွေကိုတော့ မလုပ်နဲ့ပေါ့နော်။ အဲဒီ သူတို့ရဲ့ အတုယူစရာတို့ ထုတ်ကုန်တွေကို မောင်းနှင်တဲ့ဟာတွေပေါ့ ဒါမျိုးတွေကိုပေါ့ သူတို့က မရှိတာတွေကို လုပ်ယူတာလေ။ ကျွန်မတို့ဆီမှာဆိုရင် ရှိတယ်။ သူတို့ဆီမှာဆိုရင် မရှိတာကို လုပ်ယူတယ်။ စင်ကာပူရဲ့ ခရီးသွားလုပ်ငန်းကို ပြောမယ်ဆိုရင် ကျွန်မတို့က အစက ထင်ထားတာက မြင်ထားတာက စင်ကာပူနိုင်ငံကို လာတဲ့သူတွေက စီးပွားရေးနဲ့ လာတဲ့လူတွေ များမယ်ထင်တယ်။ သို့သော် ၅၈ ရာခိုင်နှုန်းက အပန်းဖြေသက်သက် လာတာဖြစ်တယ်။ ဆိုတဲ့အခါကျတော့ တော်တော်ကို ချီးကျူးစရာ ကောင်းတယ်။ နောက်ြူပီးတော့ စင်ကာပူက ဟိုတယ်တွေက အင်မတန်မှကို ဈေးကြီးပါတယ်။ ဈေးကြီးသော်လည်းပဲ တစ်နှစ်လုံးကို သူတို့ရဲ့ ဟိုတယ်လုပ်ငန်းတွေက အင်မတန်မှကို အားကျစရာကောင်းပါတယ်။

မြန်မာနဲ့ယှဉ်ရင်ရော။

မြန်မာနဲ့ယှဉ်ရင်တော့ မြန်မာက အများကြီး လိုက်ရဦးမှာပါ။ ကျွန်မတို့ မြန်မာနိုင်ငံက ဟိုတယ်လုပ်ငန်းတွေက ပူတဲ့အချိန်မှာ အရမ်းကောင်းတယ်။ ဒါပေမယ့် မိုးတွင်းမှာကြတော့ အရမ်းနည်းတယ်။

ဆက်လက်ဖော်ပြပါမယ်။

အင်တာဗျုး ပထမပိုင်း-http://www.mizzimaburmese.com/article/21808

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags