ဆားဘီးယားရထားများ ၀င်ရောက်ခွင့်အား ကိုဆိုဗိုနိုင်ငံတားမြစ်

ဆားဘီးယားရထားများ ၀င်ရောက်ခွင့်အား ကိုဆိုဗိုနိုင်ငံတားမြစ်

ဇန်နဝါရီ ၁၅ ။            ။ ဆားဘီးယားရထားများ ဖြတ်သန်းသွားလာခွင့်အား ကိုဆိုဗိုနိုင်ငံမှ တားမြစ်ခဲ့မှုကြောင့် နှစ်နိုင်ငံကြားတင်းမာမှု အရှိန်မြင့်တက်လာခဲ့သည်။

ကိုဆိုဗိုနိုင်ငံဟာ နှစ်နိုင်ငံကြားရှိနယ်စပ်မှ ဖြတ်သန်းသွားလာသည့် ဆားဘီးယားရထားများအား တားမြစ်ခဲ့ပြီး ထိုရထားများဟာ ရထားသံလမ်းများကို ဖောက်ခွဲပစ်ဖို့ပြင်ဆင်ထားသည်ဆိုသော စွပ်စွဲချက်ဖြင့် သွားလာခွင့်ကို ပိတ်ပင်ခဲ့သည်။

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှ ကိုဆိုဗိုနိုင်ငံမြောက်ပိုင်းသို့ ဆက်သွယ်ထားသော ရထားလိုင်းဟာ ဆားဘီးယားနိုင်ငံနှင့် ကိုဆိုဗိုနိုင်ငံကြား အရေးပါသော လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။

ထိုရထားများ၏ ကိုယ်ထည်၌ “ကိုဆိုဗိုဟာဆားဘီးယားဖြစ်သည်” ဟူသော ဆောင်ပုဒ်ကို ရေးခြယ်ထားသည်။

သို့သော်လည်း ဆားဘီးယားနိုင်ငံမှ ၂၀၀၈ခုနှစ်တုန်းက လွတ်လပ်ရေး ရယူနိုင်ခဲ့သော ကိုဆိုဗိုနိုင်ငံအနေဖြင့် ထိုရထားပေါ်မှဆောင်ပုဒ်ဟာ သူတို့အားရန်စသောလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly