ဘရာဇီးနိုင်ငံ နာတယ်လ်မြို့ရှိ အကျဉ်းထောင်၌ ထောင်ဆူပူမှုဖြစ်ပြီး အကျဉ်းသားများ ခေါင်းဖြတ်သတ်ခံရ

ဘရာဇီးနိုင်ငံ နာတယ်လ်မြို့ရှိ အကျဉ်းထောင်၌ ထောင်ဆူပူမှုဖြစ်ပြီး အကျဉ်းသားများ ခေါင်းဖြတ်သတ်ခံရ

ဘရာနိုင်ငံအရှေ့မြောက်ပိုင်းရှိ နာတယ်လ်မြို့မှ အကြီးဆုံးထောင်ကြီးကို ထောင်တွင်းရှိ အကျဉ်းသားများက ထိန်းချုပ်ထားလိုက်ကြသည်။

ရဲများက အနည်းဆုံးအကျဉ်းသားဆယ်ဦးလောက်ဟာ ထိုအယ်လ်ကာကဇ်ထောင်ကြီးတွင် ခေါင်းဖြတ်သတ်ခံခဲ့ ရသည်ဟု ပြောကြားသည်။

ရီယိုဂရန်ဒီဒိုနောတီပြည်နယ်အတွင်းမှ ထောင်ကြီးတွင် လူဆိုးဂိုဏ်းများကြားပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူအများအပြားဟာထိုတိုက်ပွဲအတွင်းအသတ်ခံခဲ့ရကြောင်းသိရသည်။

ဒါဟာ ဘရာဇီးနိုင်ငံတွင်ယခုနှစ်အတွင်းတတိယအကြီးဆုံးဆူပူမှုတစ်ခုဖြစ်သည်။ ယခုလအစောပိုင်းတုန်းက လည်း အမေဇုန်နားပြည်နယ်နှင့် ရိုရိုင်းမားပြည်နယ်အတွင်းရှိထောင်များတွင်လည်း ယခုလိုဆူပူမှုများဖြစ်ပွားခဲ့ ပြီး ထောင်တွင်းအကျဉ်းသား ၁၀၀လောက်သေဆုံးခဲ့သည်။

ထိုအယ်လ်ကာကဇ်ထောင်တွင်းရှိ ပြင်းထန်သော တိုက်ခိုက်မှုဟာ ပြီးခဲ့သော စနေနေ့နေ့လည်တုန်းက စတင်ခဲ့ပြီး ဘရာဇီးနိုင်ငံရှိအကျဉ်းထောင်အများစုအတွင်းက အင်အားကြီးမားသော လူဆိုးဂိုဏ်းများထဲမှ အဖွဲ့ဝင်များဟာ အခြားသီးသန့် ကန့်ထားသော အဆောင်အတွင်းမှ ၎င်းတို့ရဲ့ပြိုင်ဘက်ဂိုဏ်းသားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့သေဆုံးသွားသော အကျဉ်းသားများရဲ့ ဦးခေါင်းများဟာ အဖြတ်ခံထားရတာကို တွေ့ခဲ့ရပါတယ်” လို့ အကျဉ်းထောင်ဦးစီးမှူးဖြစ်သူ ဇီမီလ်တန်ဆေးလ်ဗားက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly