မုံရွာသတင်းထောက် အသက်ခံရမှု အမှုမှန် ပေါ်ရေးအတွက် အမှုစစ်အဖွဲ့ ထပ်တိုးထား

မုံရွာသတင်းထောက် အသက်ခံရမှု အမှုမှန် ပေါ်ရေးအတွက် အမှုစစ်အဖွဲ့ ထပ်တိုးထား

မုံရွာ၊ ဇန်နဝါရီ ၁၄ ။              ။ မုံရွာသတင်းထောက်အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ရန်အတွက် အမှုစစ်အဖွဲ့ ထပ်တိုးဖွဲ့ကာ စစ်ဆေးနေကြောင်း မုံရွာနယ်မြေရဲစခန်း ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

မုံရွာနယ်မြေရဲစခန်း ရဲအုပ်ရဲအောင်နှင့်အဖွဲ့ ပါဝင်ဖွဲ့စည်းထားသော အမှုစစ်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ပြောသည်။

"အမှုစစ်အဖွဲ့ထပ်တိုးဖွဲ့စည်းပြီး စစ်ဆေးနေပါတယ်"ဟု ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂ ရက်က စတင် ရမန်ယူ ဖမ်းဆီးစစ်ဆေးခဲ့သူတစ်ဦးကိုလည်း မုံရွာနယ်မြေရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးလျှက်ရှိကြောင်း ဆက်လက်ပြောကြားသည်။

သတင်းထောက် ကိုစိုးမိုးထွန်း အသက်ခံရမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက်က သံသယရှိသူနှစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၂ ရက်ကလည်း နောက်သံသယရှိသူတစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့အခြေစိုက် Eleven သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် မုံရွာဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းတွင် အသက်ခံလိုက်ရပြီး တစ်လကျော်ကြာမြင့် သည်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly