ယီမင်နိုင်ငံတွင် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါ ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး

ယီမင်နိုင်ငံတွင် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါ ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး

ဇန်နဝါရီ ၁၄ ။                ။ ယီမင်နိုင်ငံတွင် လုပ်ဆောင်ခဲ့သည့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းဒေသမှ အယ်လ်ကိုင်ဒါအကြီးတန်း တပ်မှူးတစ်ဦး သေဆုံးသွားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်သည်။

Baida ပြည်နယ်အလယ်ပိုင်းတွင် ဇန်နဝါရီ ၈ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် အာရေဘီးယန်းကျွန်းဆွယ်ရှိ အယ်လ်ကိုင်ဒါအဖွဲ့တစ်ခုမှ အဆင့်မြင့်ခေါင်းဆောင် Abd al-Ghani al-Rasas သေဆုံးသွားခြင်းဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်သည်။

" လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါ အကြီးတန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်လိုက်နိုင်ပါပြီ၊ ဒါကြောင့် ယီမင်နဲ့ ဒီဒေသအတွင်းမှာ သူတို့ရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကို ထိခိုက်သွားစေပါလိမ့်မယ်" ဟု ပင်တဂွန် သတင်းထုတ်ပြန်ရေးအကြီးအကဲ ပီတာကွတ်က ပြောသည်။

ယခုအခါ ယီမင်နိုင်ငံတွင် အစိုးရနှင့် ရှီးအိုက်ဟူသီသူပုန်တို့အကြား ပဋိပက္ခတိုက်ပွဲများကို အခွင့်ကောင်းယူအသုံးချနိုင်ရန် အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်အုပ်စုများက လုပ်ဆောင်နေလျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly