ပြင်သစ်နိုင်ငံ Canal+ Group က Forever နှင့်ပူးပေါင်းကာ ပြည်တွင်း၌ အခပေးရုပ်သံလိုင်း ထုတ်လွှင့်မည်

ပြင်သစ်နိုင်ငံ Canal+ Group က Forever နှင့်ပူးပေါင်းကာ ပြည်တွင်း၌ အခပေးရုပ်သံလိုင်း ထုတ်လွှင့်မည်
ဓာတ်ပုံ-AFP

ပြင်သစ်နိုင်ငံက Canal+ Group သည် မြန်မာနိုင်ငံတွင် အခပေးရုပ်သံထုတ်လွှင့်မှုများ ဝန်ဆောင်မှုပေးရန် ပြည်တွင်းမီဒီယာအုပ်စုဖြစ်သော Forever Group နှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း digitaltveurope.net က ဇန်နဝါရီ  ၁၂ ရက်က သတင်းဖော်ပြသည်။

Canal+ က ယခုနှစ်အတွင်း ဝန်ဆောင်မှု စတင်ပေးရန် စီစဉ်ထားပြီး ပြည်တွင်းဌာနဆိုင်ရာ၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိနေသည်။ 

ပြည်တွင်းနှင့် နိုင်ငံတကာအစီအစဉ်များကို မြန်မာဘာသာစကားဖြင့် ထုတ်လွှင့်ကာ မြန်မာ့ဈေးကွက်ကို ဝန်ဆောင်မှုပေးသွားရန် စီစဉ်လျက်ရှိသည်။

Forever နှင့်အတူ ပူးပေါင်းပြီး လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံက ရုပ်သံဈေးကွက်၌ အဓိကထုတ်လွှင့်သူဖြစ်လာရေး လုပ်ဆောင်လျက်ရှိကြောင်း၊ အိမ်ထောင်စုပေါင်း ၁၂ သန်းကို ဝန်ဆောင်ပေးနိုင်ရေး ဦးတည်ထားကြောင်း Canal+ က ပြောခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သော မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားအပြင် Forever Group နှင့် ရွှေသံလွင်မီဒီယာတို့၏ ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မကြာမီတွင် ပုဂ္ဂလိက အခမဲ့ရုပ်သံလိုင်း ငါးလိုင်းကို အစိုးရက လုပ်ပိုင်ခွင့်ပေးရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly