ဖေ့ဘုတ်ပေါ်တွင် အဘွားအိုတစ်ဦး လှုံ့ဆော်ရာမှအစပြုကာ ထရမ့်၏ ကျမ်းသစ္စာဆိုပွဲကို ဆန္ဒပြကြရန် စီစဉ်စိုင်းပြင်းနေ

ဖေ့ဘုတ်ပေါ်တွင် အဘွားအိုတစ်ဦး လှုံ့ဆော်ရာမှအစပြုကာ ထရမ့်၏ ကျမ်းသစ္စာဆိုပွဲကို ဆန္ဒပြကြရန် စီစဉ်စိုင်းပြင်းနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ။                   ။ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာဆိုပွဲသို့ ထောင်ပေါင်းများစွာသော ပြည်သူများ တက်ရောက်ကြရန် ရှိသလို ထောင်ပေါင်းများစွာသော  ပြည်သူများကလည်း   ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရခြင်းကို စိတ်ကျေနပ်မှုမရှိကြောင်း ဆန္ဒပြသရန် လာမည့်သီတင်းပတ်တွင် ဝါရှင်တန်၌ စုရုံးဆန္ဒပြဖို့ ရှိနေသည်။

အမေရိကန်တစ်နံ့တစ်လျား ဆန္ဒြုပမှုများကို စီစဉ်ထားခြင်းဖြစ်သော်လည်း အဓိကအားဖြင့် မြို့တော်ဝါရှင်တန်တွင် ဇန်နဝါရီ ၂၀ ရက်၌ ကျင်းပမည်ဖြစ်သော် ထရမ့် ကျိမ်းသစ္စာဆိုပွဲကို လူထောင်ချီကာ ဆန္ဒပြကြရန် စီစဉ်ထားကြသည်။

အဓိကဆန္ဒပြမှုကို နောက်တစ်နေ့ နံနက် ၁၀ နာရီတွင် စီစဉ်ထားပြီး ကေတီပါရီ၊ ဂျူလန်နီမိုး၊ ချားနှင့် စကားလက်ဂျိုဟန်ဆန်ကဲ့သို့သော အောင်မြင်သည့် အနုပညာရှင်များ ပါဝင်ကာ ဝါရှင်တန်တွင် အမျိုးသမီးထု၏ ချီတက်ဆန္ဒပြမှုများကို ပြုလုပ်မည်ဖြစ်သည်။

ယခုဆန္ဒပြမှုအစီအစဉ်များက ဟာဝိုင်ယီမှ အဘွားအိုတစ်ဦးဖြစ်သော အငြိမ်းစားရှေ့နေတစ်ဦးလည်းဖြစ်သည့် တာရီဆာက ဖေ့ဘုတ်ပေါ်တွင် ပို့စ်တင်ကာ သူငယ်ချင်း အယောက် ၄၀ အား စတင်ဆော်သြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပို့စ်က ချက်ချင်းပျံ့နှံ့ပြီး အဖွဲ့ဝင်ပေါင်း လေးသန်းနီးပါးရှိသော ဟီလာရီကလင်တန်ထောက်ခံသူများအုပ်စုဖြစ်သည့် Pantsuit Nation ဖေ့ဘုတ်ဂရုပေါ်ရောက်ကာ ပျံ့နှံ့သွားခြင်းဖြစ်သည်။

ဖေ့ဘုတ်ပေါ်တွင် လူပေါင်း ၁၉၀၀၀၀ နီးပါးက ဆန္ဒပြပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း ရေးသားပြီး စိတ်ဝင်စားသည်ဟု ရေးသားသူပေါင်းကလည်း နှစ်သိန်းခွဲကျော်ထက်မနည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly