ထရန့်နဲ့တူတဲ့ ဧရာမ လေထိုး ကြက်ဖရုပ်ကို တရုတ်စက်ရုံတခုက ထုတ်လုပ်

ထရန့်နဲ့တူတဲ့ ဧရာမ လေထိုး ကြက်ဖရုပ်ကို တရုတ်စက်ရုံတခုက ထုတ်လုပ်
(ဓာတ်ပုံ - အီးပီအေ)

တရုတ်နှစ်သစ်ဖြစ်တဲ့ ကြက်နှစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တရုတ်နိုင်ငံ Zhejiang ပြည်နယ်၊ Jiaxing ရှိ စက်ရုံတစ်ခုကနေ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့တူတဲ့ အမြင့် ၈ မီတာရှိ ဧရာမ လေထိုး ကြက်ဖရုပ်ကြီးတခုကို ထုတ်လုပ်လိုက်ပါတယ်။

ရွှေရောင်လည်ဆံမွှေးနဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ရဲ့ လက်အမူအရာနဲ့တူတဲ့ ကြက်ဖရုပ်ကြီးကို အဆိုပါဒီစက်ရုံက ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီစက်ရုံက အမြင့် ၈ မီတာရှိတဲ့ ဒေါ်နယ်ထရန့်နဲ့တူတဲ့ ကြက်ဖရုပ်တွေကို ယွမ် ၃,၀၀၀ (ယူရို ၄၀၈ ခန့်) နဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။

Ref; EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly