စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဘာကာ-ဆိုစီဒက်၊ ရီးယဲလ်-ဆဲလ်တာတို့ တွေ့ဆုံ

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဘာကာ-ဆိုစီဒက်၊ ရီးယဲလ်-ဆဲလ်တာတို့ တွေ့ဆုံ
(ဓာတ်ပုံ - အီးပီအေ)

သောကြာနေ့က စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်တွေ မဲခွဲမှုရလဒ်အရ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက် တွေ့ဆုံမှုကို ရှောင်လွှဲနိုင်ခဲ့တာနှင့်အညီ ဒီအဆင့်မှာ ပွဲကြီးတွေ မရှိတာကို တွေ့ရပါတယ်။

မဲခွဲမှုရလဒ်အရ ဘာစီလိုနာက ဆိုစီဒက်နဲ့၊ ရီးယဲလ်က ဆဲလ်တာဗီဂို၊ အက်သလက်တီကိုက အီဘာ အသီးသီးတွေ့ဆုံပြီး
အယ်လ်ကော်ကွန်က ဒီပို့တီဗို အလာဗတ်စ်နဲ့ ကစားရမှာဖြစ်ပါတယ်။

ပထမအကျော့ပွဲစဉ်တွေကို ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်တွေမှာ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ ၂၅ နှင့် ၂၆ ရက်တွေမှာ ပြန်လည်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ လက်ရှိ ဘုရင့်ဖလား (ကိုပါဒယ်ရေး)ချန်ပီယံနှင့် ၂၈ ကြိမ် စံချိန်တင် ရရှိထားတားဖြစ်ပြီး ဒီဆုဖလားကို ၃ ကြိမ်ဆက် ရရှိဖို့ ရည်ရွယ်နေပါတယ်။ ရီးယဲလ်အသင်းကတော့ ဘုရင့်ဖလားကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရယူဖို့နဲ့ အကြိမ် ၂၀ မြောက် ဆွတ်ခူးဖို့ မျှော်လင့်နေပါတယ်။

အလားတူ အက်သလက်တီကိုကလည်း စပိန်ဘုရင့်ဖလားကို ၁၁ ကြိမ်မြောက် ကိုင်မြောက်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly