နှစ်သက်တမ်း အရှည်ဆုံး အစ္စလာမ်ကို အာရ်ကျမ်းစာ ဘာမင်ဂမ် တက္ကသိုလ်တွင် ရှာတွေ့

နှစ်သက်တမ်း အရှည်ဆုံး အစ္စလာမ်ကို အာရ်ကျမ်းစာ ဘာမင်ဂမ် တက္ကသိုလ်တွင် ရှာတွေ့

အင်္ဂလန်နိုင်ငံရှိ ဘာမင်ဂမ်တက္ကသိုလ်တွင် ကမ္ဘာတွင် အဟောင်းဆုံးဖြစ်နိုင်သည့် ကိုအာရ်ကျမ်း ကိုတွေ့ရှိခဲ့သည်။

လက်ရေးမူဖြင့် ရေးသားထားသည့် ယင်းကိုအာရ်ကျမ်းကို ရေဒီယိုကာဗွန်ဖြင့် သက်တမ်းတွက်ကြည့်ရာ နှစ်ပေါင်း အနည်းဆုံး ၁၃၇၀ သက်တမ်းရှိကြောင်း သိရသည်။

ထိုစာအုပ် တက္ကသိုလ်အတွင်း ရှိနေသည်ကို ရာစုနှစ်များစွာ မသိမရှိဘဲ ကြာမြင့်စွာ တိမ်မြုပ်နေခဲ့ခြင်းဖြစ်သည်။

ယခုလို လက်ရေးမူနှစ်ကာလရှည်သက်တမ်းရှိ ကိုအာရ်ကျမ်းစာကို တွေ့ရှိခြင်းကြောင့် မွတ်စလင်များအတွက် ဝမ်းမြောက်စရာ သတင်းဖြစ်လိမ့်မည်ဟုလည်း လက်ရေးမူကျမ်းများ ပညာရှင် ဒေါက်တာ မိုဟာမတ်အစ်ဆာဝါလီကပြောခဲ့သည်။

ယခုကျမ်းစာအုပ်ကို အခြားသော အရှေ့အလယ်ပိုင်းစာအုပ်စာတမ်းများကြားတွင် တစ်စုတစ်စည်း ထားရှိထားရာ မှတွေ့ရှိခြင်းဖြစ် ပြီး ကမ္ဘာတွင် အအိုမင်းဆုံး ကိုအာရ်ကျမ်းစာဖြစ်နိုင်သည်ကို ယခုမှ သိရှိခဲ့ရခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly