၂ နှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့်ရန်ကြံသည်ဟုဆိုကာ ရဲကိုတိုင်ကြား

၂ နှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့်ရန်ကြံသည်ဟုဆိုကာ ရဲကိုတိုင်ကြား

မုံရွာ၊ ဇန်နဝါရီ ၁၃ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် တွင် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်ရန်ကြံစည်ခဲ့သည်ဟုဆိုကာ ဇန်နဝါရီ ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်က မိခင်မှ ရဲကို တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် ညနေ ၃နာရီခန့်က ကသာမြို့နယ်၊ ဆင်းကုန်းရွာနေ အမျိုးသမီးတစ်ဦးသည် မတ်ပဲကောက်သွားရန်အတွက် ၂ နှစ်အရွယ်သမီးအား အိမ်နီးချင်းဖြစ်သူ အမျိုးသားတဦးထံ အပ်ထားခဲ့သည်ဟု ဆိုသည်။

ထိုသူမှ မိမိ၏သမီးအား ပဲစင်းငုံခင်းထဲသို့ ခေါ်သွားကာ အဓမ္မပြုကျင့်ရန်ကြံစည်နေသည်ကို တစ်ရွာတည်းနေအမျိုးသမီးတဦး မှမြင်ကာ မိမိထံသို့ဖုန်းဆက်အကြောင်းကြား ခဲ့ကြောင်း ရဲကိုတိုင်ကြားခဲ့သည်။

ထို့ကြောင့် နေအိမ်သို့ပြန်လာပြီး သမီးဖြစ်သူအား စစ်ဆေးကြည့်ရာ ယာဘက်ပေါင်နှင့်ဒူးခေါင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများတွေ့ရှိခဲ့ရကြောင်း အမှုဖွင့်တိုင်တန်းချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် အသက်၂ နှစ် အရွယ်ကလေးကို အဓမ္မပြုကျင့်ရန်ကြံစည်သူအား သက်ဆိုင်ရာ ကသာမြို့မရဲစခန်း(ပ)၂၀/၂၀၁၇၊ ရာဇသက်ကြီးပုဒ်မ ၃၇၆/၅၅၇ အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly