ရုရှ၏ ဟက်ကာလုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ရက် ၉၀ အတွင်း ထုတ်ပြန်မည်ဟု ဒေါ်နယ်ထရမ့် ကတိပေး

ရုရှ၏ ဟက်ကာလုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ရက် ၉၀ အတွင်း ထုတ်ပြန်မည်ဟု ဒေါ်နယ်ထရမ့် ကတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ။            ။ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ရုရှနိုင်ငံက ဟက်ကာတိုက်ခိုက်မှုများ လုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ရက် ၉၀ အတွင်း အစီရင်ခံစာ ထုတ်ပြန်မည်ဟု ဒေါ်နယ်ထရမ့်က ကတိပြုပြောကြားသည်။

တွစ်တာတွင် ရေးသားမှုများ၌ ဒေါ်နယ်ထရမ့်က အဆိုပါ စွပ်စွဲချက်သတင်းများနှင့် ပတ်သက်ပြီး စာရိတ္တပျက်ပြားသည့် နိုင်ငံရေးသမားများ၏ လုပ်ကြံထားသည့် ထွင်လုံးများအဖြစ် ပြောဆိုခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ရုရှသည် ဒီမိုကရက်တစ်ပါတီ၏ ဆက်သွယ်မှုများအား ဟက်ကာလုပ်ဆောင်ခြင်းဖြင့် ရွေးကောက်ပွဲကို ဝင်နှောက်ခဲ့သည်ဟု စွပ်စွဲထားသည်။

ထိုပြင် ထရမ့်၏ ပုဂ္ဂိုလ်ရေးအကြောင်းအရာများနှင့် ပတ်သက်ပြီး ရုရှနဲ့ အပေးအယူလုပ်ထားရသည်ဆိုသော သတင်းများက မီဒီယာများတွင် ပေါက်ကြားခဲ့၍ အထက်ပါစွပ်စွဲချက်များအပေါ် ပိုမိုဝန်ဖိစီးမှု ဖြစ်စေသည်။

မီဒီယာများတွင် ဖော်ပြနေသည့် ရုရှနှင့် အပေးအယူလုပ်ခဲ့ရသည်ဆိုသော သတင်းများက သတင်းမှားများဖြစ်ကာ လုပ်ကြံဖန်တီးထားသော သတင်းများဖြစ်ကြောင်း လူသိရှင်ကြားရှုတ်ချရန် အမျိုးသားထောက်လှမ်းရေးညွန်ကြားရေးမှူး ဂျိမ်းကလပ်ပါက ၎င်းကို တိုက်တွန်းခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

သို့ရာတွင် ကလပ်ပါက ပြောရာ၌မှု အဆိုပါ သတင်းများက ယုံလောက်သည် မယုံလောက်သည်ကို အကဲဖြတ်စိစစ်ရသေးခြင်းမရှိဟုသာ ထရမ်ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly