၂၀၁၆ခုနှစ်အတွင်း အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုမှာ ကိုယ်ပိုင်ယာဉ် အများဆုံးဖြစ်

၂၀၁၆ခုနှစ်အတွင်း အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုမှာ ကိုယ်ပိုင်ယာဉ် အများဆုံးဖြစ်
ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ။          ။ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ  ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ကိုယ်ပိုင်ယာဉ် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် Light Truck ယာဉ်များဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ  ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု  ၅၇၉ မှုရှိခဲ့ပြီး ၃၁၇ မှုသည် ကိုယ်ပိုင်ယာဉ်များဖြစ်ကာ  ၁၂၄ မှုမှာ Light Truck ယာဉ်များ ဖြစ်သည်။

Light Truck ယာဉ်များသည့် အပေါ့စား ကုန်တင်ယာဉ် အမျိုးအစားတွင် ပါဝင်သော်လည်း မြန်မာနိုင်ငံတွင် မိသားစုခရီးသွားယာဉ်အဖြစ် လွဲမှားစွာ အသုံးပြုနေခြင်း၊ ယာဉ်နောက်ခန်းတွင် လိုက်ပါသည့် ခရီးသည်များ အတွက် ဘေးကင်းလုံခြုံသည့် အစီအမံများ မရှိခြင်းကြောင့် ဖြစ်ပွားပါက သေဆုံးမှု များပြားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုနှုန်းတွင် တတိယအများဆုံးမှာ အမြန်လမ်းတွင် စီးနင်းခွင့်မပြုထားသော ဆိုင်ကယ်များ ဖြစ်နေပြီး ခရီးသည်တင် Express ယာဉ်သည် စတုတ္တအဆင့်တွင် ရှိနေသည်။
စက်တင်ဘာလအတွင်း အမြန်လမ်းမကြီးတွင် အရှိန်လွန်မောင်းနှင်သဖြင့် အရေးယူခံရသည့် ယာဉ်စာရင်းတွင် Light Truck ယာဉ် ၄၇စီး ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly