အစ္စရေးတို့ ပစ်လိုက်သော ဒုံးကျည်များ အဓိက လေတပ်စခန်းသို့ ကျရောက်ပေါက်ကွဲခဲ့ဟု ဆီးရီးယားပြော

အစ္စရေးတို့ ပစ်လိုက်သော ဒုံးကျည်များ အဓိက လေတပ်စခန်းသို့ ကျရောက်ပေါက်ကွဲခဲ့ဟု ဆီးရီးယားပြော

ဇန်နဝါရီ ၁၃ ။             ။ အစ္စရေးတို့ ပစ်လိုက်သော ဒုံးကျည်များ မြို့တော် Damascus အနီး လေတပ်အခြေစိုက်စခန်းတစ်ခုသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ဇန်နဝါရီ ၁၃ ရက်တွင် သတိပေးပြောကြားသွားသည်။

" အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ကူပေးဖို့ ကြိုးပမ်းနေတဲ့ အစ္စရေးလေယာဉ်က ဒီမနက် အစောပိုင်းမှာပဲ ပစ်လိုက်တဲ့ ဒုံးကျည်တွေက ဒီကိုလာကျပေါက်ကွဲခဲ့ပါတယ်" ဟု ဆီးရီးယားစစ်တပ်   ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ ပြောဆိုချက်ကို နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြသည်။

" အစ္စရေးစစ်တပ်ကို ကျွန်တော်တို့ နိုင်ငံအရေးမှာ ဝင်စွက်တဲ့အပြုအမှုတွေ မလုပ်ဖို့ သတိပေးထားပြီးပါပြီ" ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

Damascus မြို့အနီးရှိ ယင်းလေတပ်အခြေစိုက်စခန်းမှ လက်နက်ဂိုဒေါင်များသို့ ဒုံးကျည်များ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုရှစ်ကြိမ်ထိ ရှိခဲ့သည်ကို သိရှိခဲ့ရကြောင်း ဆီးရီးယားလူ့အခွင့်အရေး   စောင့်ကြည့်အဖွဲ့ကလည်း ပြောသည်။

၂၀၁၁ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့သော ဆီးရီးယားပြည်တွင်းစစ်ကာလတွင် အစ္စရေးတို့အနေဖြင့် မိမိတို့နယ်နမိတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများစွာ လုပ်ဆောင်ထားကြောင်း ဆီးရီးယားအစိုးရက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly