ဒေါ်နယ်ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူကို တရုတ်နိုင်ငံပိုင်သတင်းစာက ပြစ်တင်ရေးသား

ဒေါ်နယ်ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူကို တရုတ်နိုင်ငံပိုင်သတင်းစာက ပြစ်တင်ရေးသား

ဇန်နဝါရီ ၁၃ ။             ။ တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းတုများကိစ္စနှင့်စပ်လျင်း၍ ခြိမ်းခြောက်ပြောကြားခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် လျာထားခံရသူအား တရုတ်သတင်းစာက ပြန်လည် ပြစ်တင်ရေးသားသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း တည်ဆောက်ထားသော ကျွန်းတုများကို တရုတ်တို့ အသုံးပြုခွင့်မရအောင် ပိတ်ပင်တားဆီးသွားမည်ဟု ဒေါ်နယ်ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံသည့် Rex Tillerson က ဆီနိတ်တာများကို ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်တို့ဘက် ပြန်လည်ပြစ်တင်သွားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း၌ တရုတ်တို့၏ လုပ်ဆောင်နေသော လုပ်ရပ်များမှာ ခရိုင်းမီးယားဒေသကို ရုရှတို့ ဝင်ရောက်ကျူးကျော်ခဲ့သည့် ဖြစ်စဉ်နှင့် သိပ်မကွာလှကြောင်း ExxonMobil CEO ဖြစ်သည့် Tillerson က ပြောသည်။

ထိုကဲ့သို့ Tillerson ၏ ပြောစကားများနှင့်စပ်လျင်း၍ တရုတ်နိုင်ငံပိုင်သတင်းဌာန China Daily က သတိပေးသွားခဲ့ပြီး ယင်းမှာ တရုတ်-အမေရိကန်အကြား ထိပ်တိုက်ရင်ဆိုင်ရန် လမ်းကြောင်းပေးလိုက် သကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သတိပေးရေးသားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly