ခိုတောင်လူသတ်မှုတွင် ဒီအန်အေအထောက်အထားများအပေါ် အဓိကထားလျက် ယနေ့ ကြားနာမည်

ခိုတောင်လူသတ်မှုတွင် ဒီအန်အေအထောက်အထားများအပေါ် အဓိကထားလျက် ယနေ့ ကြားနာမည်

ဇူလိုင် ၂၂ ရက် ။       ။ ထိုင်းနိုင်ငံ ခိုတောင် အပန်းဖြေကျွန်းတွင် ဗြိတိန်လူငယ်စုံတွဲအား သတ်မှုဖြင့် စွပ်စွဲထားသောမြန်မာနိုင်ငံ သားရွှေ့ပြောင်း လုပ်သားနှစ်ဦးအမှုနှင့်ပတ်သက်၍ တရားခံရှေ့နေများက အရေးကြီးသည့် ဒီအန်အေအထောက်အထားများကို အဓိကထားလျက် ယနေ့တွင် အမှုဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ် ဟန်နာနှင့် ၂၄ နှစ်ရှိ ဒေးဗစ်တို့နှစ်ဦး ခိုတောင်ကျွန်းပေါ်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက အသတ်ခံရပြီး၊ ရုပ်အလောင်းများကို ကမ်းခြေတွင် ပြန်လည်တွေ့ရှိခဲ့သည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံဖက်က မကျေမနပ်ဖြစ်ခဲ့ပြီးနောက် ထိုင်းရဲများ၏ လုပ်ရည်ကိုင်ရည် စွမ်းဆောင်ချက် များအပေါ် မေးခွန်းများထွက်ပေါ်ခဲ့သည်။ ထိုင်းနိုင်ငံသားများ၏ ရွှေ့ပြောင်းလုပ်သားများအပေါ် ဆက်ဆံမှုပုံစံကို လည်းမေးခွန်း ထုတ်လာခဲ့ကြသည်။

ယင်းမှုခင်းအား ဖြေရှင်းရန် ဖိအားများဖြစ်ပေါ်လာခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ်သမား များဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း လူငယ်နှစ်ဦးသည် လူသတ်မှုအတွက် ဝန်ခံထွက်ဆိုသည်ဟု အောက်တိုဘာလ၌ ထုတ်ဖော်ပြောခဲ့သည်။

သို့သော်လည်း နှိပ်စက်သဖြင့် ဝန်ခံထွက်ချက်ပေးရခြင်းဖြစ်သည်ဟု ၎င်းတို့နှစ်ဦးက နောက်ပိုင်း၌ ပြန်လည်ငြင်းဆိုခဲ့သည်။

လူသတ်မှုဖြင့် ၎င်းတို့နှစ်ဦးအား ယခုလအစောပိုင်းတွင် စတင်စစ်ဆေးလာခြင်းဖြစ်သည်။ အမှုစစ်ဆေးရာတွင် ရဲများ၏ ကျွမ်းကျင် မှုမရှိခြင်းနှင့် တရားခံရှေ့နေများဖက်က သက်သေ အထောက်အထားများကို ကောင်းစွာမကိုင်တွယ်နိုင်ခြင်းတို့ကြောင့် ရှုပ်ထွေး လျက်ရှိနေသည်။

လူ့အခွင့်အရေးအဖွဲ့များက ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများ၏ အနေအထားကြောင့် လူသတ်မှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသည့် မြန်မာအလုပ်သမားနှစ်ဦးသည် ကိုယ်မကျုးလွန်ရသည့် အမှုအတွက် တရားခံအဖြစ် ထိုးကျွေးခံရခြင်းဖြစ် သည်ဟု ပြောဆိုကြသည်။

Ref; NDTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly