အလောင်းတော်ကဿပဘုရားဖူးယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး

အလောင်းတော်ကဿပဘုရားဖူးယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး
အလောင်းတော်ကသပသို့ဘုရားဖူးလာရောက်ကြသူများ (ဓါတ်ပုံ-Linn Maung)

မုံရွာ၊ ဇန်နဝါရီ ၁၃။            ။ အလောင်းတော်ကဿပဘုရားဖူးယာဉ် ပေါ်မှ ဘုရားဖူးအမျိုးသမီးတစ်ဦး ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ယင်းမာပင်မြို့မရဲစခန်းမှ သိရသည်။

ယင်းမာပင်မြို့နယ်၊ မိုးကောင်းရွာနှင့် ကွင်းစပ်ရွာကြားတွင် ဇန်နဝါရီ ၁၂ ရက်က အလောင်းတော်ကသပဘုရားဖူးယာဉ်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုရားဖူးယာဉ်သည် အဖြူရောင် လိုက်ထရပ်ယာဉ်ဖြစ်ပြီး အမျိုးသမီး(၁၁)ဦး နှင့် အမျိုးသား(၂)ဦးတို့ လိုက်ပါလာကြကြောင်း သိရသည်။

ယာဉ်ပေါ်မှာ အမျိုးသမီး မနိုင်လိတ်(၄၇)နှစ်၊နားမလေးကျေးရွာ၊ သီပေါမြို့နယ်နေသူသည် ယာဉ်ပေါ်မှပြုတ်ကျကာ ဦးခေါင်းယာဂျိုစောင်း ပေါက်ပြဲ၊ ပါးစပ်နှင့်နှာခေါင်းသွေးထွက်ဒဏ်ရာ များရရှိကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်းအား သက်ဆိုင်ရာယင်းမာပင်မြို့နယ်ရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရအမှုရေးဖွင့်ထားကြောင်း သိရသည်။

အလောင်းတော်ကဿပ ဘုရားဘုရားဖူးရာသီအဖြစ် ဇန်နဝါရီလ ၇ ရက်က ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာသာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly