အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံတွင် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံတွင် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

ဇန်နဝါရီ ၁၃ ။                 ။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ ရှစ်နှစ်တာကာလအတွင်း ၎င်းရဲ့ အနီးကပ်ဆုံးလုပ်ဖော်ကိုင်ဘက်နဲ့ နံပါတ်နှစ် ခေါင်းဆောင်အဖြစ် အတူရှိနေခဲ့တဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒန်ကို နိုင်ငံမှာ အမြင့်ဆုံးသော အရပ်သား ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ လွတ်လပ်မှု ဆိုင်ရာ သမ္မတရဲ့ ဂုဏ်ပြုဆုတံဆိပ်ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒုသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နှုတ်ဆက်ပွဲ အခမ်းအနားတစ်ခုမှာ သမ္မတ အိုဘားမားက ယခုလို ဂုဏ်ထူးဆောင်ဆု ပေးအပ်ပြီးတော့ ဒုသမ္မတကို အံ့အားသင့်စေခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ဆုချီးမြှင့်ပေးလိုက်တဲ့ အခိုက်အတန့်မှာ ဒုသမ္မတ ဂျိုးဘိုင်ဒန် မျက်ရည်ကျတဲ့အထိ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရပါတယ်။

အလားတူ ဒုသမ္မတ ဘိုင်ဒန်ဟာ အတော်ဆုံးသော အမေရိကန်ဒုသမ္မတတစ်ဦးဖြစ်တယ်လို့ အိုဘားမားက ချီးကျူးပြောကြားပေးသွားခဲ့သလို အမေရိကန်သမိုင်းမှာ ရဲရင့်တဲ့ ခြင်္သေ့ သဖွယ် ရှိခဲ့သလို ၎င်းရဲ့ အကိုတစ်ဦးလိုလည်း ဖြစ်ခဲ့တယ်လို့ ဆိုသွားခဲ့ပါတယ်။

" ကျွန်တော့်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာ ဒုသမ္မတကို နိုင်ငံရဲ့ အမြင့်ဆုံး အရပ်ဘက်ဆုကို ချီးမြှင့်ပေးလိုပါတယ်" လို့ အိုဘားမားက ကြေညာလိုက်တဲ့အချိန်မှာတော့ ဒုသမ္မတဟာ ရုတ်တရက် မျက်ရည်မထိန်းနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags