လစ်ဗျားအစိုးရ ၀န်ကြီးဌာနများကို ၀င်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သည့် လက်နက်ကိုင်များ၏ အစီအစဉ် မအောင်မြင်

လစ်ဗျားအစိုးရ ၀န်ကြီးဌာနများကို ၀င်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သည့် လက်နက်ကိုင်များ၏ အစီအစဉ် မအောင်မြင်

ဇန်နဝါရီ ၁၃ ။              ။ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် အခြေစိုက်သည့် အစိုးရဝန်ကြီးရုံး သုံးခုသို့ ဇန်နဝါရီ ၁၂ ရက်က လက်နက်ကိုင်များက ဝင်စီးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့၏ အစီအစဉ် အထမမြောက်ခဲ့ကြောင်း ကုလထောက်ခံထားသည့် လစ်ဗျားအမျိုးသားအစိုးရအဖွဲ့ GNA မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

" လက်နက်ကိုင်တွေဆိုတာက GNA ကို ဆန့်ကျင်ပြီး လစ်ဗျားအမျိုးသားလွတ်မြောက်ရေး အစိုးရဆိုပြီး သူတို့ဘာသာ ကြေညာထားတဲ့ အဖွဲ့က လူတွေပါ၊ သူတို့ နဲ့ ဒီက အစိုးရတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်၊ နောက်တော့သူတို့ ပြန်ဆုတ်သွားပါတယ်" ဟု GNA မှ ပြောရေးဆိုခွင့် ရှိသူ Ashraf al-Thulthi က ပြောသည်။

လက်နက်ကိုင်များမှ လွတ်နေသည့် ကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံအပြင် အလုပ်သမားဝန်ကြီးဌာန နှင့် အခြား အစိုးရဝန်ကြီးရုံးတစ်ခုတို့အား ဝင်ရောက်စီးနင်းထိန်းချုပ်ရန် ကြိုးပမ်းခဲ့ခြင်း   ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနိုင်ငံတွင် လစ်ဗျားအမျိုးသားလွတ်မြောက်ရေးအစိုးရဟု ဆိုကာ ကိုယ့်ဘာသာထုတ်ဖော်ကြေညာထားသည့် Khalifa Ghaweil ဦးဆောင်သော အဖွဲ့မှာမူ ကုလထောက်ခံသည့် GNA အစိုးရအဖွဲ့ကို အသိအမှတ်ပြုလက်ခံရန် ငြင်းဆန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly