တရားမဝင် ၀င်ရောက်လာနေကြသည့် ကျူးဘား ရွှေ့ပြောင်းများအား နိုင်ငံတွင် နေထိုင်ခွင့်ပေးနေသည့် မူဝါဒ အိုဘားမား ဖျက်သိမ်း

တရားမဝင် ၀င်ရောက်လာနေကြသည့် ကျူးဘား ရွှေ့ပြောင်းများအား နိုင်ငံတွင် နေထိုင်ခွင့်ပေးနေသည့် မူဝါဒ အိုဘားမား ဖျက်သိမ်း

ဇန်နဝါရီ ၁၃ ။              ။ အမေရိကန်နိုင်ငံတွင်း သိ့ု တရားမဝင် လမ်းကြောင်းများမှတဆင့် ရောက်ရှိလာခဲ့ကြသော ကျူးဘား ရွှေ့ပြောင်းအခြေချ သူများကို နိုင်ငံတွင် နေထိုင်ခွင့်ပြုပေးထားသည့် မူဝါဒတစ်ရပ်ကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအစိုးရက ဇန်နဝါရီ ၁၂ တွင် ကြေညာသွားခဲ့သည်။

အိမ်ဖြူတော်မှ မထွက်ခွာမီ နောက်ဆုံးလုပ်ဆောင်ချက်တစ်ခုအနေဖြင့် အိုဘားမားက ယခုကဲ့သို့ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သော မူဝါဒတစ်ရပ်ကို ပယ်ဖျက်သွားခဲ့ခြင်းဖြစ်သည်။

ကွန်မြူနစ်ကျူးဘာနိုင်ငံကို စွန့်ခွာထွက်ပြေးကာ အမေရိကန်နယ်နမိတ်တွင်း ရောက်ရှိလာသူများကို အမြဲတမ်းနေထိုင်ခွင့် ပေးနေသည့် စည်းမျဉ်းမူဝါဒများကို အိုဘားမားက ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

" ခုကစပြီးတော့ နိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားလာကြမယ့် ကျူးဘားနိုင်ငံသားတွေ၊ လူသားချင်း စာနာမှုအကူအညီ ရဖို့ အရည်အချင်း မပြည့်တဲ့သူတွေကို နိုင်ငံမှာ လက်ခံသွားတော့မှာ မဟုတ်တော့ပါဘူး" ဟု အိုဘားမားက ကြေညာသွားခဲ့သည်။

အမေရိကန်အစိုးရ၏ ယခုကြေညာချက်ကိုလည်း ကျူးဘားအစိုးရက ထောက်ခံကြိုဆိုသွားခဲ့ပြီး ယင်းလုပ်ရပ်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု   ပြောသွား ခဲ့သည်။

" ဒီအပြောင်းအလဲနဲ့အတူ ကျွန်တော်တို့အနေနဲ့ ဥပဒေတွေနဲ့အညီ အခြားနိုင်ငံတွေကနေ တရားဝင် နည်းလမ်းအထောက်အထားတွေနဲ့ ရောက်လာတဲ့ရွှေ့ပြောင်းတွေကို လက်ခံသလိုပဲ ကျူးဘားတွေကို ကြိုဆိုသွားပေးမှာပါ" ဟု အိုဘားမား က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly