မက်ဒေါ်နယ်က တိုရှည်ဘာဂါ လုပ်ရောင်းမည်ဖြစ်၍ အိန္ဒိယပြည်သူတို့ သဘောခွေ့

မက်ဒေါ်နယ်က တိုရှည်ဘာဂါ လုပ်ရောင်းမည်ဖြစ်၍ အိန္ဒိယပြည်သူတို့ သဘောခွေ့

နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ။            ။ အိန္ဒိယတွင် အစားများဆုံးဖြစ်သော ဆန်နှင့်လုပ်ကာ အာလူးဖြင့်စားသည့် တိုရှည်ကို စားဖူးကြမှာပါ။ ဒါပေမယ့် အိန္ဒိယရိုးရာအစားအစာကို အနောက်တိုင်းအစားအစာ ဘာဂါနဲ့ ပေါင်းစပ်တာမျိုးတော့ စိတ်ကူးမိမှာတောင် မဟုတ်ပါ။ ဒါပေမယ့် မက်ဒေါနယ်က တိုရှည်ဘာဂါ လုပ်ရောင်းဖို့ အတိအကျ စီစဉ်ထားပါပြီ။

တိုရှည်ဘာဂါက မက်ဒေါ်နယ်ဆိုင်ခွဲတွေမှာ မကြာမီတင်ရောင်းတော့မယ်လို့ သတင်းတွေက ဆိုပါတယ်။

သတင်းတွေနဲ့အတူ တွစ်တာမှာ ကြိုက်သူ မကြိုက်သူ နှစ်ဖက်ကွဲကာ တွစ်တာသုံးစွဲသူတစ်ချို့က တိုရှည်ဘာဂါ လုပ်ရောင်းမှာကို သဘောခွေ့နေကြပြီး ကျန်တစ်ဖက်ကတော့ အိန္ဒိယရိုးရာအစားအစာကို ကပျက်ကချော် လုပ်တာလို့ စိတ်ဆိုးကြပါတယ်။

မက်ဒေါ်နယ်က အိန္ဒိယအစားအစာ တိုရှည်ဘာဂါ မကြာမီ လာတော့မည်ဆိုသော သတင်းကို အီကိုနောမစ်တိုင်းမ်စ်က ဖော်ပြပြီးနောက်မှာ တွစ်တာမှာ သောသောညံအောင် ရေးသားမှုများ ရှိလာခဲ့တာပဲဖြစ်ပါတယ်။

“အိန္ဒိယ ချက်ပြုတ်နည်း မွေးဖွားပြီး မက်ဒေါ်နယ်ရဲ့ လက်ရာဖြစ်တော့ အနောက်တိုင်း အငွေ့အသက် အနံ့အရသာရှိတာအပြင် အိန္ဒိယလျှာနဲ့လည်း ခံတွင်းတွေ့စေမှာဖြစ်ပါတယ်။”ဟု အိန္ဒိယတွင် မက်ဒေါ်နယ်ဆိုင်များကို ဖွင့်လှစ်လည်ပတ်နေသည့် Westlife Development မှ ဒုတိယဥက္ကဌဖြစ်သူ အမ်မစ်ဂျက်တီယာက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly