ပိုလန်တွင် အမေရိကန်တင့်ကားနှင့် တပ်ဖွဲ့များ စတင်တပ်စွဲ

ပိုလန်တွင် အမေရိကန်တင့်ကားနှင့် တပ်ဖွဲ့များ စတင်တပ်စွဲ

နယူးယောက်၊ ဇန်နဝါရီ ၁၂ ။             ။ ပိုလန်နိုင်ငံတွင် ဇန်နဝါရီ ၁၂ ရက်ကစတင်ကာ အမေရိကန် စစ်တင့်ကားများ၊ စစ်ယာဉ်များနှင့်အတူ စစ်သား ၃၀၀၀ ကျော် စတင်ရောက်ရှိကာ တပ်စွဲထားပြီဖြစ်သည်။

ပိုမိုရန်လိုလာမည့် ရုရှအရေး စိုးရိမ်ပူပန်သော နေတိုးမဟာမိတ်များအတွက် သမ္မတအိုဘားမား၏ တုံ့ပြန်မှု တစ်ကဏ္ဍအဖြစ် ယခုကဲ့သို့ တပ်စွဲဖြန့်ကြက်ချထားခြင်းဖြစ်သည်။

ယခုအမေရိကန်စစ်တပ်များ ပိုလန်သို့ ရောက်ရှိခြင်းမှာ ရုရှနှင့် ဆက်ဆံရေးမြှင့်တင်လိုကြောင်း အရိပ်အယောင်ပြထားသည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာမဆိုပြီး ရက်ပိုင်းအလိုလည်းဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ ဥရောပအား စစ်ရေးအားဖြည့်ပေးမှု အကြီးဆုံးလည်းဖြစ်သည်။

ဂျာမနီသို့လည်း အမေရိကန်တိုက်ခိုက်ရေးတင့်ကား ၈၀ ထက်မနည်းနှင့် သံချပ်ကာယာဉ် ရာပေါင်းများစွာ ရောက်ပြီးဖြစ်ကာ ယခုတွင် ဥရောပအရှေ့ပိုင်းသို့ ကားလမ်းနှင့် ရထားလမ်းများမှနေ၍
ရွှေ့ပြောင်းလျက်ရှိသည်။

အမေရိကန်သံချပ်ကာတပ်ရင်းက ဘယ်လ်တစ်တွင် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ဖို့ရန်လည်းရှိသည်။ ယူကရိန်းတွင် ကြားဝင်စွက်ဖက်ခြင်းကို တန်ပြန်သည် အိုဘားမား၏ အစီအစဉ်များဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ စစ်အင်အားပြမှုများကို ဒေါ်နယ်ထရမ့်က ဆက်လက်လုပ်ဆောင်မည်လား မလုပ်ဆောင်ဘူးလားဆိုခြင်းက မေးခွန်းများ ထွက်ပေါ်လျက်ရှိကြောင်း ပိုလန်ရှိ ဘီဘီစီသတင်းထောက်က သတင်းပေးပို့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags