မိမိလက်ထက်မှာ အလုပ်အကိုင်အမြောက်အမြား ရှာဖွေဖန်တီးပေးသွားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရန့် ကတိပြု

မိမိလက်ထက်မှာ အလုပ်အကိုင်အမြောက်အမြား ရှာဖွေဖန်တီးပေးသွားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရန့် ကတိပြု

ဇန်နဝါရီ ၁၂ ။            ။ မိမိဟာ ဘုရားသခင်ဖန်ဆင်းပေးလိုက်သမျှ သူတွေအားလုံးထဲမှာ အလုပ်အကိုင်အရေအတွက် အများဆုံး ရှာဖွေဖန်တီးပေးနိုင်သူ ဖြစ်လာလိမ့်မယ်ဆိုပြီး ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ ပြောကြားသွားခဲ့ပါတယ်။

အဓိကကုမ္ပဏီကြီးတွေ နိုင်ငံမှာ လာပြီးလုပ်ငန်းတွေတိုးချဲ့မယ်ဆိုတဲ့ သတင်းကောင်းတွေ မကြာတော့တဲ့သီတင်းပတ်တွေထဲမှာ ကြားရဖို့ ရှိနေကြောင်းနဲ့ Ford နဲ့ Fiat Chrysler တို့လို   မော်တော်ကား ထုတ်လုပ်သူတွေလည်း အမေရိကန်နယ်နမိတ်အတွင်း နောက်ထပ်ရင်းနှီးမြုှပ်နှံမှုတွေနဲ့အတူ အလုပ်အကိုင်တွေ ထပ်တိုးဖန်တီးသွားမယ်ဆိုတဲ့ အစီအစဉ်တွေ ကြေညာပေးထားတယ်လို့ ထရန့်က ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းအများစုကတော့ ပြည်ပကနေ ပြည်တွင်းကို ပြန်လာဖို့တော့ လိုလိမ့်မယ်လို့ ၎င်းက ခန့်မှန်းပြောကြားသွားပါတယ်။ ထရန့်အနေနဲ့ ဆေးဝါးလုပ်ငန်း ကုမ္ပဏီတွေကို အဓိက ရည်ညွန်းပြောဆိုသွားတာဖြစ်ပြီးတော့ ပြည်တွင်းမှာ သောက်သုံးနေရတဲ့ဆေးဝါးတွေဟာ ပြည်ပမှာ အများစု ထုတ်လုပ်နေတာဖြစ်တဲ့ အတွက် ပြည်တွင်းကို ပြန်လာထုတ်လုပ်ဖို့ လိုမယ်လို့ ပြောသွားပါတယ်။

ဆေးဝါးလုပ်ငန်းထဲမှာ လုပ်ဆောင်ချက်အသစ်တွေ လုပ်ဆောင်ပြီးတော့ ဒေါ်လာဘီလီယံပေါင်းများစွာကို သက်သာအောင်လုပ်ပေးသွားမယ်လို့ ယင်းသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အလားတူ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းနဲ့ပတ်သက်လို့ ၎င်းလုပ်ဆောင်သွားမယ့် အစီအစဉ်က သမ္မတအိုဘားမားရဲ့ Obamacare ထက် ပိုပြီး ငွေကုန်ကြေးကျ သက်သာနိုင်သလို ပိုကောင်းဖို့လည်း ရှိနေတယ်လို့ ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags