လူဖြူနိုင်ငံက လူမဲသမ္မတ အိုဘားမားရဲ့ ကောက်ကြောင်း

လူဖြူနိုင်ငံက လူမဲသမ္မတ အိုဘားမားရဲ့ ကောက်ကြောင်း

၂၀၀၈ ခုနှစ် နိုဝင်ဘာလထဲမှာ အိုဘားမား အမေရိကန်ရဲ့ သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ “ငါတို့ လုပ်နိုင်တယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တက်လာတဲ့ အိုဘားမားဟာ အမေရိကန် နိုင်ငံရဲ့ ၄၄ ယောက်မြောက် သမ္မတဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ ပထမဆုံး လူမဲ သမ္မတ ပါ။

သမ္မတ အဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်က အမေရိကန် ပြည်သူတွေကို နှုတ်ဆက်စကား ပြောရာမှာတော့ “ငါတို့ လုပ်ခဲ့ပြီ” လို့ ဆိုခဲ့ပါတယ်။ မိန့်ခွန်းမှာ လူမျိုးရေး ခွဲခြားမှုတွေ မရှိဖို့ အလေးထား ပြောခဲ့ပါတယ်။ ဒီရုပ်သံဖိုင်မှာတော့ အိုဘားမားရဲ့ လုပ်ဆောင်ချက် အချို့ကို တွေ့မြင်နိုင်ပါတယ်။

အိုဘားမားရဲ့ နှုတ်ဆက် စကား ဆက်စပ်သတင်းကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်-သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly