မိုက်ကယ်ဂျက်ဆင်အဖြစ် သရုပ်ဆောင်သူ မင်းသားမှာ လူဖြူဖြစ်နေခြင်းကို သမီးဖြစ်သူ ပဲရစ်ဂျက်ဆန် မကျေနပ်

မိုက်ကယ်ဂျက်ဆင်အဖြစ် သရုပ်ဆောင်သူ မင်းသားမှာ လူဖြူဖြစ်နေခြင်းကို သမီးဖြစ်သူ ပဲရစ်ဂျက်ဆန် မကျေနပ်

မိုက်ကယ်ဂျက်ဆင်၏ သမီးဖြစ်သူ ပဲရစ်ဂျက်ဆန်က ရုပ်သံဇာတ်လမ်းအသစ်တစ်ခုတွင် သူမ၏ဖခင် မိုက်ကယ် ဂျက်ဆင်အဖြစ် သရုပ်ဆောင်မည့်မင်းသားမှာ လူဖြူဖြစ်နေခြင်းက သူမတို့ကို   စော်ကားရာရောက်ကြောင်း ပြောခဲ့ပါသည်။

Shakespeare in Love နှင့် Elizabeth ဇာတ်ကားတို့တွင် သရုပ်ဆောင်ခဲ့သော မင်းသား Joseph Fiennes က သူဟာဒီဇာတ်ရုပ်အဖြစ်ကနေသရုပ်ဆောင်ဖို့ကမ်းလှမ်းချက်ကိုမနှစ်ကရရှိခဲ့ပြီး အလွန်ကိုတုန်လှုပ်မိခဲ့ ကြောင်းပြောကြားခဲ့သည်။

သို့သော်လည်း အသက်၁၈နှစ်အရွယ် ရှိပြီဖြစ်သည့် ပဲရစ်ဂျက်ဆန်က တွစ်တာပေါ်၌ သူမ၏ဖခင်နေရာမှာ ယခုလို ပုံစံမျိုးဖြင့် မြင်နေရခြင်းက သူမကို အန်ချင်စိတ်ပေါက်စေကြောင်း ရေးသားခဲ့ပါသည်။

ဒါ့အပြင် အဆိုပါ Urban Myths: A Brand New Collection of Comedies အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းကို သပိတ်မှောက်ကြရန် လူပေါင်း ၂၀၀၀၀ ကျော်လောက်က အသနားခံစာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly