ရုရှနှင့် ကိုယ်ရေးအချက်အလက်များ အပေးအယူလုပ်ထားသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ထရန့်နှင့် CNN သတင်းထောက်တို့ စကားများ

ရုရှနှင့် ကိုယ်ရေးအချက်အလက်များ အပေးအယူလုပ်ထားသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ထရန့်နှင့် CNN သတင်းထောက်တို့ စကားများ

ဇူလိုင်လနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ပထမဆုံး တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်နဲ့ CNN သတင်းထောက်တစ်ဦးတို့ ကတောက်ကဆ ဖြစ်ခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ခံ သမ္မတနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရုရှတို့ အပေးအယူလုပ် ရယူထားတယ်ဆိုတဲ့ကိစ္စ သတင်းထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီး CNN သတင်းထောက် Jim Acosta ရဲ့ မေးမြန်းမှုကို ထရန့်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ယင်းမေးခွန်းကို ဖြေကြားပေးဖို့ သတင်းထောက်ဘက်က ထပ်တလဲလဲ တောင်းဆိုနေခဲ့ပေမယ့် ဒေါ်နယ်ထရန့်က လျစ်လျူရှုထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ အဆိုပါ သတင်းဌာနကိုလည်း ထရန့်က ပြစ်တင်ရှုံ့ချသွားခဲ့ပြီး ဆိုးရွားပြီး သတင်းတုတွေ ဖော်ပြနေတဲ့ဌာနလို့ ပြောဆိုခဲ့ပြီး ယင်းသတင်းထောက်ကိုလည်း ငြိမ်ငြိမ်နေဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်ရဲ့ ထပ်တလဲလဲ မေးမြန်းနေခဲ့တဲ့နောက် ထရန့်က နောက်ဆုံးမှာတော့ " နိုး၊ မင်းမေးတာ ငါ ပြန်ဖြေမှာမဟုတ်ဘူး ၊ မင်းတို့ဟာက သတင်းတုတွေပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ ထရန့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ မော်စကိုအစိုးရဘက်က အပေးအယူလုပ်ရထားခဲ့တဲ့အကြောင်း  အမေရိကန် ထောက်လှမ်းရေးတွေက ထရန့်ကို အစီရင်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေကို CNN အပါအဝင် အခြားသတင်းဌာနတွေမှာ ဖော်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly