ဆုဖလားသုံးလုံးရရှိရန် မစဉ်းစားဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား

ဆုဖလားသုံးလုံးရရှိရန် မစဉ်းစားဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား

ဇန်နဝါရီ ၁၂၊ စပိန် ။                ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ယခုနှစ်ရာသီတွင် ဆုဖလားသုံးလုံးရရှိရန် မစဉ်းစားကြောင်း နှင့်ထိုကိစ္စကို ပြောဆိုရန်မှာ အလွန်အလှမ်းဝေးကွာနေသေးကြောင်း ဆိုသည်။

လက်ရှိတွင် ရီးယဲလ်အသင်းသည် လာလီဂါတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာမှ ဆီဗီလာထက် တစ်ပွဲလျော့ကစားထားကာ လေးမှတ်ဖြတ်ထားနိုင်သည်။

ထို့အပြင် ကိုပါဒယ်လ်ရေးပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်တွင်လည်း ဆီဗီလာအသင်းကို ပထမအကျော့၌ ၃-၀ ဂိုးဖြင့်အနိုင်ရထားကာ ကွာတားဖိုင်နယ်တက်ရောက်ရန်အခြေအနေကောင်းနေသည်။

သို့သော် ဇီဒန်းက ‘ဆုဖလားသုံးလုံးအကြောင်းကို ကျွန်တော်တို့ မစဉ်းစားပါဘူး။ တစ်ရက်ချင်းစီအတွက်ကိုပဲ စဉ်းစားပါတယ်။ လူတိုင်းကတော့ ဆုဖလားသုံးလုံးကို လိုချင်ကြတာပါပဲ။ ဒါပေမဲ့ ဒါက အလွန်အလှမ်းကွာဝေးနေပါသေးတယ်။ ကျွန်တော်တို့ ဒီအကြောင်း မစဉ်းစားပါဘူး’ ဟု ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် နည်းပြဇီဒန်း၏လက်ထက်တွင် ၃၉ ပွဲဆက်တိုက် အရှုံးမရှိကစားထားနိုင်ပြီး ယခုညတွင် ကစားရမည့် ဆီဗီလာနှင့်ပွဲတွင် အနိုင်ရခဲ့ပါက ပွဲ ၄၀ ရှုံးပွဲမရှိစံချိန်တင်နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags