ကမ္ဘာကျော် Star Wars ရုပ်ရှင်စီးရီးတွင် ဗီလိန်နေရာမှ သရုပ်ဆောင်ရန် အော်စကာဆုရှင် ဒယ်(လ်)တိုရို ကို ကမ်းလှမ်း

ကမ္ဘာကျော် Star Wars ရုပ်ရှင်စီးရီးတွင် ဗီလိန်နေရာမှ သရုပ်ဆောင်ရန် အော်စကာဆုရှင် ဒယ်(လ်)တိုရို ကို ကမ်းလှမ်း

လာမည့် Star Wars ဇာတ်လမ်းအတွက် ဗီလိန် နေရာတွင် ပါဝင်သရုပ်ဆောင်ရန် အော်စကာ ဆုရှင် ဇာတ်ပို့မင်းသား ဘန်နီစီယိုဒယ်(လ်)တိုရိုအား ကမ်းလှမ်းထားကြောင်း အမေရိကန် မီဒီယာ သတင်းများက ဆိုသည်။

သရုပ်ဆောင် ဒယ်(လ်)တိုရို သည် Star Wars : Episode VIII တွင် ပါဝင်သရုပ်ဆောင်ဖွယ်ရှိ ကာ ထိုဇာတ်ကားကို အမည်မပေးရသေးပေ။ ထိုဇာတ်ကားမှာ ၂၀၁၇ တွင် ထွက်ရှိမည် ဖြစ်သည်။

သူသည် ထိုဇာတ်ကားထဲတွင် ဒေစီရစ်ဒလီ၊ ဂျွန်ဘွိုင်ယက်ဂါ၊ အော်စကာအိုင်ဇက် တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ဖွယ်ရှိသည်။

သရုပ်ဆောင် ဒယ်(လ်)တိုရိုနှင့် ညှိနှှိုင်းမှှုမှာ အစောပိုင်းအဆင့်တွင် ရှိနေကြောင်း Variety မဂ္ဂဇင်း နှင့် The Wrap သတင်းဌာန တို့က ဆိုသည်။

ဒယ်(လ်)တိုရိုမှာ ဒါရိုက်တာ စတီဗင်ဆိုဒါဘက်(ဂ်) (Steven Soderbegh) ၏ မှှုခင်း ဒရာမာရုပ်ရှင် Traffic ဇာတ်ကားတွင် ဇာတ်ပို့နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းအတွက် ၂၀၀၁ ခုနှစ်တွင် အကောင်းဆုံး ဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags