တုုိက်ပွဲကြောင့် ထပ်မံထွက်ပြေး တိမ်းရှောင်နေရသော ကချင်စစ်ပြေးဒုုက္ခသည်များ လုံုခြံုမှု စုုိးရိမ်နေရ

တုုိက်ပွဲကြောင့် ထပ်မံထွက်ပြေး တိမ်းရှောင်နေရသော ကချင်စစ်ပြေးဒုုက္ခသည်များ လုံုခြံုမှု စုုိးရိမ်နေရ
 ဓါတ်ပုံ  ကချင်စစ်ပြေးဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ရသည့် ပုံ ခေါန်ဂျာ ဖေ့ဘုတ်

ချင်းမိုင်၊ဇန်နဝါရီလ ၁၁ ။          ။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နာကရန်ဒေသအတွင်း မြန်မာ့ တပ်မတော်နှင့် KIA တိုက်ပွဲ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလာသဖြင့် စစ်ပြေး ဒုက္ခသည် ၄၀၀၀ ကျော် ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရပြီး ဒုက္ခသည်များအတွက် လုံခြုံမှု စိုးရိမ်နေရသည်ဟု ဒေသခံ လူသားချင်းစာနာထောက်ထားရေး အဖွ့ဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)က ပြောသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့က တပ်မတော်နှင့် KIA တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာသဖြင့် ယနေ့ နံနက် ဇိုင်အောင်၊ မုန်ဂါဇွပ်၊ ခေါင်ရှောင် စသည့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၄၀၀၀ ကျော်က တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် ဒုက္ခသည်များအတွက် လုံခြုံမှု စိုးရိမ်နေရသည်ဟု ဇန်နဝါရီလ ၁၁ ရက် ကြေငြာချက် ထုတ်ပြန်ထားသည်။

“မနေ့က သူတို့နေနေတဲ့ နေရာနဲ့ သိပ်မလှမ်းမကမ်း ငါယန်ဆိုတဲ့နေရာမှာ အရင်က လိုင်ဖောင်မှာ ဖြစ်တဲ့နောက်ပိုင်းမှာ အဲဒီနေရာ တိုက်ပွဲတွေ ပြန်ဖြစ်တော့ မနေ့က ၄ နာရီလောက်မှာ မုန်ဂါဇွပ်၊ ခေါင်ရှောင်ဆိုတဲ့ စခန်း ၂ ခုက ဒုက္ခသည်တွေ တရုတ်ပြည်ဘက်ခြမ်းကို ကူးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားက တရုတ်က လက်မခံလို့ သူတု့ိ နဂိုနေရာမှာ ပြန်လာနေကြတယ်။ ဒါကြောင့် သူတို့ရဲ့ အဓိက စိုးရိမ်ပူပန်မှုက သူတို့ရဲ့ လုံခြုံဘေးကင်းမှု စိုးရိမ်နေတာဖြစ်ပါတယ်”ဟု JST မှ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က မဇ္ဈိမကို ပြောသည်။

အထူးသဖြင့် တပ်မတော်နှင့် KIA ကြား တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ထပ်မံ တိမ်းရှောင်နေရသဖြင့် ဒုက္ခသည်များ၏ စိုးရိမ်ပူပန်မှုများ ပိုပြီး မြင့်မားလာသဖြင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခ အမြန်ဆုံး ရပ်ဆိုင်းရန် တောင်းဆိုလိုကြောင်း ဦးဂွမ်ရှာအောင်က ပြောသည်။

 “လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးဟာ ပဋိပက္ခနဲ့ ချိတ်ဆက်နေတဲအ့တွက်ကြောင့် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့ပေါ့။ ဒါကို အစိုးရအနေနဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ဒါကို အမြန်ဆုံးလုပ်ဖို့ လိုတယ်လို့ တောင်းဆိုလိုတာ ဖြစ်ပါတယ်။ ပဋိပက္ခချုပ်ငြိမ်းမှု မရှိဘူးဆိုရင်တော့ ပြည်သူလူထုတွေအနေနဲ့ ပိုပြီး ဒုက္ခကို ခါးစည်းခံရမဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

အဆိုပါ စစ်ပြေး ဒုက္ခသည်များ ထပ်မံ တိမ်းရှောင်နေရသဖြင့် သက်ကြီးရွယ်အိုများ၊ သွေးတိုးရောဂါကဲ့သို့သော ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရပြီး တရုတ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များကလည်း တရုတ်နိုင်ငံဘက်ကူးသော ဒုက္ခသည်များကို စစ်ဆေးများ ပြုလုပ်၍ မြန်မာဘက်ခြမ်းသို့ ပို့ဆောင်နေသဖြင့် ဒုက္ခသည်များ၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်နေရသည်ဟု JST က ဇန်နဝါရီလ ၁၁ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော ဇိုင်အောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်က KIA ၏ လိုင်ဖောင် တပ်စခန်းအား တိုက်ခိုက်သိမ်းယူခဲ့ချိန်တွင်လည်း တစ်ကြိမ် ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ယခု ထပ်မံ တိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု သိရသည်။

ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)တွင် ဒေသခံ လူသားချင်းစာနာ ထောက်ထားရေး အဖွဲ့အစည်းများဖြစ်သော ကချင်နှစ်ခြင်း ခရစ်ယာအဖွဲ့ချုပ် (KBC)၊ ကချင်ဖွံ့ဖြိုးရေးအဖွဲ့ (KDG)၊ ငြိမ်းဖောင်ဒေးရှင်း (shalom)၊ မေတ္တာဖောင်ဒေးရှင်(Metta)၊ ဂရုဏာအဖွဲ့ (KMSS)၊ ကချင်အမျုးိသမီးအစည်းအရုံး ( KWA)၊ ဝေါန်ပေါင်နိန်ထွဲ(WPN)၊ KRDCနှင့် BRIDGE အဖွဲ့အစည်း ၉ ဖွဲ့တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags