နိုင်ငံတကာအဆင့်မီ ကားမှတ်တိုင်အသစ်များ အသုံးပြုသွားမည်

နိုင်ငံတကာအဆင့်မီ ကားမှတ်တိုင်အသစ်များ အသုံးပြုသွားမည်
ရန်ကုန်မြို့တွင်း ကားမှတ်တိုင် တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ဇန်နဝါရီ ၁၁ ။            ။ စတင်ပြေးဆွဲမည့် ယာဉ်လိုင်းအသစ်များအတွက် နိုင်ငံတကာအဆင့်မီ နည်းပညာအခြေပြု မှတ်တိုင်တွေ အသုံးပြုသွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူနေကြောင်း   ဒေါက်တာမောင်အောင်က  မဇ္ဇျိမနှင့် တွေ့ဆုံစဉ် ပြောသည်။

“တင်ဒါနဲ့ ဆောက်မယ့်မှတ်တိုင်က ရိုးရိုးမှတ်တိုင် မဟုတ်ဘူး။ ကြော်ငြာဘုတ်နဲ့ မဟုတ်ဘူး။ သူက သတင်းအချက်အလက်ကိုအခြေခံတဲ့ နည်းပညာအခြေပြုတဲ့ မှတ်တိုင်တွေ ဖြစ်လာမှာ။  အားလုံးက ဒီမြို့ရဲ့သတင်းအချက်အလက်တေ အကုန်သိရမယ်။ ကားတွေရဲ့ တကယ့်အချိန်တွေကိုလည်း သိရမယ်။ နောက်တစ်ခုက ဖုန်းတွေအားသွင်းတာကအစ။ အဲဒါမျိုးတွေ အကုန်ပါမယ်။ ဒါမို့လို့လည်း ခေါ်တာကိုက နိုင်ငံတကာ တင်ဒါနဲ့ခေါ်တာ ” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိအချိန်တွင် မှတ်တိုင်တွေအတွက် တင်ဒါခေါ်ယူနေဆဲ ဖြစ်ပြီး ပြီးခဲ့သည့်အပတ်မှစတင် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။  နိုင်ငံတကာအဆင့်မီတင်ဒါခေါ်ယူမှုဖြစ်ပြီး အချိန်ကာလ တစ်လကြာမြင့်မည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့မှတ်တိုင်တွေပဲ အသုံးပြုသွားမည်ဖြစ်ကာ မှတ်တိုင်သစ်တွေ   ဆောက်လုပ်ပြီးစီးမည့်အချိန်ကို မသိရသေးဘဲ တစ်နှစ်အတွင်းပြီးစီးအောင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly