တင်းမာမှုတွေကြားထဲမှ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းသွားလာခဲ့သော တရုတ်လေယာဉ်တင်သင်္ဘော

တင်းမာမှုတွေကြားထဲမှ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းသွားလာခဲ့သော တရုတ်လေယာဉ်တင်သင်္ဘော

ဇန်နဝါရီ ၁၁ ။               ။  ထိုင်ဝမ်ရေလက်ကြားထဲသို့ တရုတ်လေယာဉ်တင်သင်္ဘောကြီးဟာ တိုက်သင်္ဘောအများအပြားကို ဦးဆောင်၍ ဖြတ်သန်းသွားလာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ၀န်ကြီးဌာနမှပြောကြားခဲ့သည်။

Liaoning အမည်ရှိ လေယာဉ်တင်သင်္ဘောကြီးဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးပြလေ့ကျင့်မှုအပြီးမှ ပြန်လာစဉ်ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

၄င်းသင်္ဘောကြီးဟာ ထိုင်ဝမ်ရေပိုင်နက်အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်း မရှိသော်လည်း လေကြောင်းကာကွယ် ရေးပိုင်နက်ဇုန်အတွင်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ၀န်ကြီးဌာနမှ   ပြောကြားခဲ့သည်။

ဒါဟာ အိမ်နီးနားချင်းနိုင်ငံနှစ်ခုအတွင်း တင်းမာမှုအရှိန်များ နောက်ဆုံးအကြိမ်အဖြစ် မြင့်တက်လာခြင်းဖြစ်ပြီး ထိုင်ဝမ်အာဏာပိုင်များကတော့ ပြည်သူများအား မစိုးရိမ်ကြဖို့ ပြောကြားခဲ့သည်။

ထိုကိစ္စအားတုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ဂျက်လေယာဉ်များဟာလေထဲသို့အရေးပေါ်ချက်ချင်းတက်သွားခဲ့ပြီး ထိုုသင်္ဘောကြီးအား ၁၆၀ကီလိုမီတာရှည်လျားသော  ရေလက်ကြားတောင်လျှောက်   စောင့်ကြပ်ဖို့နှင့် ထိန်းချုပ်ဖို့ အတွက် သင်္ဘောများဖြင့် လိုက်လံစောင့်ကြည့်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချန်ချန်းချီက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly