လိုင်စင်သတ်မှတ်ချက်များ မပါရှိဘဲ ချင်းတွင်းမြစ်ကြောင်း ရေယာဉ်မောင်းနှင်သူများအား အမှုဖွင့်

လိုင်စင်သတ်မှတ်ချက်များ မပါရှိဘဲ ချင်းတွင်းမြစ်ကြောင်း ရေယာဉ်မောင်းနှင်သူများအား အမှုဖွင့်
ချင်းတွင်းမြစ်ကြောင်းတစ်နေရာ (ဓာတ်ပုံ-မာန်ဇာမြေမွန်)

မုံရွာ၊ ဇန်နဝါရီ ၁၁။          ။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသော အမြန်ရေယာဉ်တွင် လိုင်စင်သတ်မှတ်ချက် မပါရှိသူများအား အရေးယူပေးရန်အတွက် အမှုဖွင့်တိုင်ကြားထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးဘက်မှ ဖောင်းပြင်မြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာသော ရေယာဉ်အား ကနီမြို့နယ် ရေယာဉ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရာ လိုင်စင်သက်မှတ်ချက်များမပါရှိခဲ့ကြောင်း သိရသည်။

အဆိုပါရေယာဉ်တွင် ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် မပါရှိခြင်း၊ ရေယာဉ်အုပ်လက်မှတ် မပါရှိခြင်း၊ လုပ်ငန်းလိုင်စင် မပါရှိခြင်း၊ ရေယာဉ်စက်ခန်းအုပ်လက်မှတ် မပါရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အမှုဖွင့်ပေးရန်အတွက် ကနီမြို့မရဲစခန်းသို့ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ကနီမြ်ု့မရဲစခန်းမှ ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေပုဒ်မ ၄၆၊ ၂၀၁၅ခုနှစ် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ပိုင်ခွင့် ဥပဒေပုဒ်မ ၂၃(က) တို့ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly