ဇန်နဝါရီ ၁၁ ။ ။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှလူသားချင်းဆိုင်ရာ ကူညီစောင့်ရှောက်သူအရာရှိငါးဦး ဟာ အာဖန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့ရှိ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များ က အတည်ပြုခဲ့သည်။
ပြီးခဲ့သော အင်္ဂါနေ့တွင် ကန်ဒါဟာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ဧည့်ရိပ်သာတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုပေါက် ကွဲမှုကြောင့် ယူအေအီးအရာရှိ ငါးဦးအပါအဝင် အခြားသူ အများအပြား သေဆုံးခဲ့ရသည်။
ဒဏ်ရာရရှိသူများထဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူနှင့် ယူအေအီးသံအမတ်ကြီးတို့လည်း ပါ၀င်သည်။ ကန်ဒါဟာပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူဟာ ပေါက်ကွဲမှုတွင်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ဗုဒ္ဓဟူးနေ့တွင် ထိုဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သည်။
ထိုပေါက်ကွဲမှုမှာ ပြီးခဲ့သောအင်္ဂါနေ့တုန်းက အာဖဂန်နစ္စတန်တွင် ဖြစ်ခဲ့သောပေါက်ကွဲမှုများထဲမှ တစ်ခုဖြစ်သည်။
တာလီဘန်တို့ကတော့ မြို့တော်ကာဘူးလ်မြို့နှင့် ဟယ်လ်မန်းခရိုင်တို့တွင်ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများဟာ သူတို့လက်ချက်ဖြစ်ကြောင်း ၀န်ခံခဲ့သော်လည်း ကန်ဒါဟာ တိုက်ခိုက်မှုကိုတော့ ငြင်းဆိုခဲ့ပြီး ဒေသတွင်းထဲမှ ပြိုင်ဘက်များကိုဝေဖန်ပြစ်တင်ခဲ့သည်။