မော့တောင်နယ်စပ်ဒေသ ချောင်းလမုကျေးရွာ တောင််ကျချောင်းရေကြီးမှု နေအိမ် ၅၇ လုံးပြောင်းရွှေ ့ ခဲ့ရ

မော့တောင်နယ်စပ်ဒေသ ချောင်းလမုကျေးရွာ တောင််ကျချောင်းရေကြီးမှု နေအိမ် ၅၇ လုံးပြောင်းရွှေ ့ ခဲ့ရ
ဓာတ်ပုံ - မော့တောင်သစ္စာ(ဒေသခံ)

၊မြိတ်၊ ဇန်နဝါရီ - ၁၁ ။            ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာတွင် အချိန်အခါမဟုတ် မိုးသည်းထန်ခဲ့မှုကြောင့် ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက လူနေအိမ်(၅၇)လုံးထိ ပြောင်းရွေ ့ခဲ့ရကြောင်း သိရသည်။

အချိန်အခါမဲ့မိုးကြောင့် တောင်ကျချောင်းရေ ကြီးမြင့်ခဲ့ပြီး လူဦးရေ စုစုပေါင်း(၂၉၈)ဦးခန့် ရေ လွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရသည်ဟုသိရသည်။

ထို့အပြင် တာပလပ် ကျေးရွာတွင်လည်း လူနေအိမ်(၇)လုံးခန့် တောင်ကျချောင်းရေ ဝင်ရောက်လျက်ရှိသော်လည်း ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် သုံးရက်ခန့်ကတည်းက  ရွာသွန်းခဲ့သည့် မိုးသည်းထန်မှုကြောင့် မော့တောင် အမှတ် (၉)ဒေသတွင်လည်း အိမ်ထောင်စု(၁၁)စုခန့် ပြောင်းရွေ့နေထိုင်လျက်ရှိပြီး ၊ အမှတ်(၉) တံတားမှာ လည်း ရေကြီးမြင့်မှုကြောင့် မျောပါပျက်စီးခဲ့ရသည့်အခြေအနေများဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲလျက်ရှိကြောင်းသိရသည်။

ရေနစ်မြုပ်မှုဖြစ်ပွားရာနေရာများသို့ တနင်္သာရီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြိ့ုမစခန်းမှ တာဝန်ရှိသူများ သွားရောက်ကူညီလျက်ရှိပြီး ၊ ဒေသခံပရဟိတအသင်းများကလည်း ကူညီဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly